
ဆိုးလ် ဇန်နဝါရီ ၃၁
အမေရိကန် အက်ဖ် - ၁၆ တိုက် လေယာဉ်တစ်စင်းသည် ကိုရီး ယားကျွန်းဆွယ် အနောက်ဘက် ပင်လယ်ဝါထဲသို့ ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပျံသန်းမှုပြုလုပ်နေစဉ် အရေးပေါ် အခြေအနေနှင့် ကြုံတွေ့ခဲ့ပြီး နောက် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားရှိ အမေရိကန် တပ်ဖွဲ့များက ပြောသည်။ အဆိုပါ တိုက်လေယာဉ်မှာ တောင်ကိုရီး ယားနိုင်ငံ အလယ်ပိုင်းရှိ ခွန်းဆန်း လေတပ်အခြေစိုက်စခန်းမှ ပိုင်ဆိုင် သည့် တိုက်လေယာဉ်ဖြစ်ကြောင်း အမေရိကန်တပ်ဖွဲ့များက ဆက် ပြောသည်။
ထို့အပြင် ဘေးအန္တရာယ် ကင်းစွာ ခုန်ထွက်နိုင်ခဲ့သည့် လေယာဉ်မှူးကို ကယ်တင်နိုင်ခဲ့ ကြောင်း၊ အမေရိကန်စစ်ဘက်က မတော်တဆ ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေး နေကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ် မေလကလည်း အမေရိကန် အက်ဖ် - ၁၆ တိုက်လေယာဉ် တစ်စင်း ဆိုးလ်မြို့၏ တောင်ဘက် ပြုန်းတက်မြို့ရှိ လယ်ယာမြေသို့ ပျက်ကျမှုဖြစ်ပွားခဲ့သည်။
ယင်းပျက်ကျမှု ဖြစ်ပွားပြီး နောက် ခုနစ်လခန့်အကြာ တွင် နောက်ထပ် အမေရိကန် အက်ဖ် - ၁၆ တိုက်လေယာဉ် ပင်လယ်ဝါထဲသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။
အင်န်အိတ်ချ်ကေ