
ကိယက်ဗ် မတ် ၂
ရုရှားတပ်ဖွဲ့များ ယူကရိန်းကို ဆက်လက်စစ်ဆင်နွှဲနေစဉ်တွင် ကိယက်ဗ်နှင့်မော်စကို အရာရှိများသည် ဒုတိယအကြိမ် ဆွေးနွေးပွဲ စတင်နိုင်ရန် ကြိုးစားလျက်ရှိသည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီက ပထမဆုံးစစ်ဆင်ရေးဆင်နွှဲနေမှုများကို ချက်ချင်း ရပ်ဆိုင်းရန် ရုရှားကို တိုက်တွန်းလိုက်သည်။
ယူကရိန်းသမ္မတ အကြံပေး အိုလက် ဆီ အာရက်စတိုဗစ်ချ်က ယူကရိန်းနှင့် ရုရှား ကိုယ်စားလှယ်အဖွဲ့များသည် မတ် ၂ ရက်တွင် နောက်ထပ်ဆွေးနွေးပွဲစတင်မည်ဖြစ်ကြောင်း ပြောကြား လိုက်သည်။ ဆွေးနွေးပွဲကို ယခုည တွင် ပြုလုပ်မည်ဖြစ်ကြောင်း အိုလက်ဆီ အာရက်စတိုဗစ်ချ်က ပြည်တွင်း ဆက်စ်ပီလ်နီတီဗွီချန်နယ်သို့ ပြောကြား လိုက်သည်။
ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ဆွေးနွေးသူများကို ပြောင်းလဲမည် မဟုတ်ဘဲ နဂိုအတိုင်း ထားရှိသွားမည် ဖြစ်ကြောင်း အာရက်စတိုဗစ်ချ်က ပြောကြားလိုက်သည်။ မတ် ၂ ရက် အစောပိုင်းက ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီး ဒီမိုင်ထရိုကူလီဘာက နောက်ထပ် ယူကရိန်း - ရုရှား ဆွေးနွေးပွဲကို မည်သည့်အချိန် ပြုလုပ်မလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရကြောင်း ပြောခဲ့သည်။
ယူကရိန်းသည် ဆွေးနွေးရန် အဆင်သင့်ဖြစ်နေကြောင်း ကူလီဘာက Facebook တွင် ပြောကြားလိုက်သည်။ ရုရှားနှင့် ယူကရိန်းသည် ၎င်းတို့၏ ပထမဆုံး ညှိနှိုင်းဆွေးနွေးမှုကို ဘယ်လာရုဇ်တွင် ဖေဖော်ဝါရီ ၂၈ ရက်က လုပ်ဆောင်ခဲ့သော်လည်း နှစ်ဖက်အဖွဲ့ များအကြား ရှင်းလင်းသော သဘောတူညီ ချက် မရရှိခဲ့ကြောင်း သိရသည်။
နှစ်ဖက်အဖွဲ့များသည် အမြင်မတူညီ မှုများကို ညှိနှိုင်းဆွေးနွေးမှုမှတစ်ဆင့် ကျဉ်းမြောင်းအောင် ဘယ်လိုလုပ်ဆောင် နိုင်မလဲဆိုသည့်အပေါ် ရှင်းရှင်းလင်းလင်း မသိရသေးချေ။
ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ