နောက်ကျသွင်းဂိုးများဖြင့် ဝုဖ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် လီဗာပူး

 

ပရီမီယာလိဂ်  ပွဲစဉ်(၅)မှ အစော ဆုံး ယှဉ်ပြိုင်ကစားခဲ့သည့် ဝုဖ်နှင့် လီဗာပူးအသင်းတို့    ပွဲစဉ်သည် အကြိတ်အနယ်ရှိခဲ့ပြီး  လီဗာပူး အသင်းက       သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်ကို စက်တင်ဘာ ၁၆ ရက် ည ၆ နာရီ က ဝုဖ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့သည်။ 


လီဗာပူးအသင်းသည် ခြေစွမ်း ထက်မြက်မှုရှိခဲ့သော်လည်း ဂိုးရရှိ နိုင်သည့်     အခွင့်အရေးများကို အသုံးမချနိုင်ခဲ့သည့်အတွက် သွင်း ဂိုးရရှိရေး   အခက်တွေ့ခဲ့ရသည်။ 


အိမ်ရှင်ဝုဖ်အသင်းက   ခံစစ်အသားပေးကစားကာ  ရံဖန်ရံခါမှသာ လီဗာပူးအသင်းဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်မှု ပြုလုပ်နိုင်ခဲ့သည်။ 


ဦးဆောင်ဂိုးကို  ဝုဖ်အသင်းက  စတင်ရရှိခဲ့ပြီး  ပွဲချိန် ၇ မိနစ်တွင် ဟွမ်ဟီချန်းက သွင်းယူပေးနိုင်ခဲ့သည်။  ထို့နောက်တွင်  လီဗာပူးအသင်း က ချေပဂိုးရရှိရေး   ကြိုးစားလာခဲ့ရာ  ပွဲချိန် ၅၅ မိနစ်တွင်  ရရှိခဲ့ပြီး ဆာလာ၏ ဖန်တီးမှုမှ ဂတ်ပိုက သွင်းယူပေးခဲ့သည်။ 


ပွဲချိန် ၅၆ မိနစ်တွင် ကစားအားကျဆင်းလာသည့် ဂတ်ပိုနှင့် ဂျိုတို တို့ကို အနားပေးကာ အီလီအော့နှင့်  ဒါဝင်နူနက်ဇ်တို့ကို   ထည့်သွင်း       အသုံးပြုခဲ့သည်။  ထို့နောက်   လီဗာပူးအသင်း၏   ကစားအား သိသိ သာသာတက်လာခဲ့ပြီး   ဝုဖ်အသင်းဘက်သို့   ဂိုးပေါက်ခြိမ်းခြောက်မှု မကြာခဏပြုလုပ်နိုင်ခဲ့သည်။ 


လီဗာပူးအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၈၅ မိနစ်တွင် ရရှိခဲ့ပြီး ဆာလာ၏ ဖန်တီးမှုမှ အသင်းခေါင်းဆောင်  ရော်ဘတ်ဆန်က သွင်းယူ ပေးနိုင်ခဲ့သည်။ ရော်ဘတ်ဆန်၏ ယခုပွဲစဉ်သည်  ၎င်း၏     ပရီမီယာလိဂ်ပွဲ    ၂၀၀ ပြည့်မြောက်သည့်   ပွဲစဉ်လည်းဖြစ်သည်။   ပွဲချိန်ပြည့်ခါနီးတွင် လီဗာပူးအသင်း တတိယဂိုးရရှိခဲ့ပြီး ဆာလာ၏  ဖန်တီးမှုမှပင် လူစားဝင် ကစားသမား အီလီအော့က သွင်းယူပေးနိုင်ခဲ့သည်။  


ယခုပွဲစဉ် အနိုင်ရရှိမှုကြောင့် လီဗာပူးအသင်းက ငါးပွဲကစားပြီး လေးပွဲနိုင်၊   တစ်ပွဲသရေဖြင့်  ရမှတ် ၁၃ မှတ်   ရရှိထားသည်။ ပြိုင်ဘက် ဝုဖ်အသင်းက  ငါးပွဲကစားပြီး တစ်ပွဲနိုင်၊ လေးပွဲရှုံးဖြင့် ရမှတ် သုံးမှတ် သာ ရရှိထားသေးသည်။       
ည ၈ နာရီခွဲက  တစ်ချိန်တည်းယှဉ်ပြိုင်ကစားခဲ့သည့်  ပွဲစဉ်များ တွင်  ဘရိုက်တန်က  မန်ယူကို သုံးဂိုး - တစ်ဂိုး၊ ဖူလ်ဟမ်က လူတန်ကို တစ်ဂိုး - ဂိုးမရှိ၊ မန်စီးတီးက ဝက်စ်ဟမ်းကို သုံးဂိုး- တစ်ဂိုး၊ အက်စ်တွန်  ဗီလာက ခရစ္စတယ်ပဲလေ့စ်ကို    သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သလို  စပါးနှင့် ရှက်ဖီးလ်အသင်းပွဲစဉ်တွင် စပါးက နောက်ကျသွင်းဂိုးများနှင့် အတူ နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။                 


 အောင်ဇော်