
ဂျန်ပါစကီသည် အိမ်ဖြူတော်သတင်းပြန်ကြားရေး တာဝန်ခံရာထူးမှ နုတ်ထွက်သွားသည်။ ပြီးခဲ့သည့် ၁၅ လတာကာလအတွင်း သတင်းပြန်ကြားရေး တာဝန်ခံရာထူးကို ထမ်းဆောင်စေခဲ့သည့်အတွက် သမ္မတနှင့် သမ္မတကတော်ကို ကျေးဇူးတင်ကြောင်း အိမ်ဖြူတော်၌ပြုလုပ်သည့် နောက်ဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ဂျန်ပါစကီက ပြောကြား သည်။
ဆီးရီးယားအလယ်ပိုင်းရှိ စစ်စခန်းများကို အစ္စရေးက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ငါးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အဆိုပါ တိုက်ခိုက်မှုကြောင့် ဟားမားပြည်နယ် မက်စ်ယာဖ်အနီးရှိ ပစ်မှတ်များကိုလည်း ထိမှန်ခဲ့သည်။
အဆင့်မြင့်ပညာရေးနှင့် သိပ္ပံဆိုင်ရာသုတေသနပြုလုပ်မှုတို့အတွက် ဆိုက်ပရပ်စ်နှင့် တရုတ် နိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ကြောင်း ဆိုက်ပရပ်စ်ပညာရေး ဝန်ကြီးဌာနနှင့် တရုတ်သံရုံးတို့၏ သီးခြားစီ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ နားလည်မှုစာချွန်လွှာသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ဖြစ်သည်။
အီသီယိုးပီးယားတစ်နိုင်ငံတည်းတွင် လူဦးရေ ၁၁ သန်းကျော်နှင့် မွေးမြူရေးတိရစ္ဆာန် ၁၀ သန်း ကျော်တို့သည် မိုးခေါင်မှုဒဏ်ကို ခံစားနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုအဖွဲ့က ပြောကြားသည်။ လူဦးရေ ၇ ဒသမ ၂ သန်းကျော်သည် အစာထောက်ပံ့မှုလိုအပ်လျက်ရှိပြီး လေးသန်းကျော်မှာ ရေထောက်ပံ့မှု လိုအပ်လျက်ရှိသည်။
ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၁၃၉ ဦး ရှိလာသော ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၆၆၄၇၈၀ အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။