“ နှစ်ဦးမင်္ဂလာ” တေးဂီတ ဖျော်ဖြေပွဲကို  မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   ဧပြီ   ၆ 


ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက်    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ     ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  မဟာသင်္ကြန်အချိန်အခါနှင့်အညီ    “နှစ်ဦးမင်္ဂလာ”  တေးဂီတဖျော်ဖြေပွဲကို    ဧပြီ  ၈  ရက် (သောကြာနေ့)   ည ၈ နာရီ သတင်းအပြီးတွင်    မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။ 

 


ယင်းအစီအစဉ်ကို   ဂီတအစည်းအရုံး(ဗဟို)   တူရိယာအဖွဲ့၏   တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် ရဲထိုက်၊   ဈာန်ထူး၊  ဝိုင်းလမင်းအောင်၊  ဇင်သူသူထွန်း၊ ဇင်သူဇာ ထွန်း၊ ချိုမီမီဇော်၊  ဇော်ထွေးလတ်၊  ခင်လပြည့်ဝန်း၊   မြတ်နိုးစံနှင့်  သီရိစံတို့က   ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။ 

 


ထိုသို့ တင်ဆက်မှုကို ဧပြီ ၁၀ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်  ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။                 

သတင်းစဉ်