
နေပြည်တော် ဧပြီ ၁၂
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ “နှစ်သစ်မင်္ဂလာ MRTV သင်္ကြန်ပွဲတော်”ကို ယနေ့ ညနေပိုင်းက နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပ သည်။
ရှေးဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Portico ၌ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာစိုးဝင်း၊ ဒေါက်တာ သက်သက်ခိုင်၊ Jeng Phang နော်တောင်တို့နှင့်မိသားစုများ နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K – Pop အနုပညာရှင်များ၊ နာမည်ကျော် မြန်မာတေးသံရှင်များ၊ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် မိသားစုများသည် ပျော်ရွှင် စွာ အတာရေပက်ဖျန်းကြသည်။
ထို့နောက် Auditorium ခန်းမ၌ ကျင်းပသည့် နှစ်သစ်မင်္ဂလာ မဟာသင်္ကြန်ပွဲစဉ်(၃) တေးဂီတဖျော်ဖြေပွဲ (Friday Night Live Show) ရိုက်ကူးတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
ဖျော်ဖြေတင်ဆက်မှုအပြီးတွင် ပြည်ထောင်စုဝန်ကြီးများက ကိုရီးယားရုပ်ရှင် သရုပ်ဆောင်နှင့် K – Pop အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ကိုရီးယား K – Pop အနုပညာရှင်များ၊ နာမည်ကျော် မြန်မာတေးသံရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး နှစ်သစ်မင်္ဂလာမဟာသင်္ကြန် ပွဲစဉ်(၃) တေးဂီတဖျော်ဖြေပွဲ (Friday Night Live Show) အောင်မြင်စွာ ပြီးစီး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်