နှစ်သစ်ကူးအားလပ်ရက်အတွင်း တရုတ်နိုင်ငံတစ်ဝန်း ခရီးသွားပြည်သူအရေအတွက် ၅၂ ဒသမ ၇၁ သန်းရှိ

 

ပေကျင်း   ဇန်နဝါရီ    ၃ 


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွား မှုများ    မြင့်တက်နေသည့်တိုင် နှစ်ကုန်အားလပ်ရက်နှင့် နှစ်သစ် ကူး    အားလပ်ရက်များအတွင်း တရုတ်နိုင်ငံတစ်ဝန်း    ခရီးသွား ပြည်သူအရေအတွက်မှာ    ကပ် ရောဂါ အကြိုအဆင့်၏ ၄၀ ရာခိုင် နှုန်းခန့်ရှိကြောင်း တရုတ်အစိုးရ က ပြောသည်။ 

 


စနေမှ    တနင်္လာနေ့အထိ သုံးရက်တာ အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွား    ဈေးကွက် တွင် ပြည်တွင်းခရီးသွား ၅၂ ဒသမ ၇၁ သန်းရှိသည်။ 
ခရီးသွားအရေအတွက်သည် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်း များ   တင်းကျပ်ထားချိန်  လွန်ခဲ့ သောနှစ်အစောပိုင်း   အလားတူ ကာလထက် ၀ ဒသမ ၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။

 


သို့သော်လည်း   ကိုဗစ်-၁၉ မဖြစ်ခင် လွန်ခဲ့သော လေးနှစ်နှင့် နှိုင်းယှဉ်လျှင်  ၄၃ ရာခိုင်နှုန်းသာ ရှိသည်။ 
နှစ်သစ်ကူး   အားလပ်ရက် ရာသီတွင်   ပေကျင်းမြို့လယ်ရှိ ကောင်းကင်ဘုံ     ဂိတ်တံခါးဟု    ထင်ရှားကျော်ကြားသော ထျန်း အန်းမင်နှင့် စီးပွားရေးအချက်အချာ နေရာများတွင်  ခရီးသွားပြည်သူ များ စည်ကားခဲ့သည်။


သို့သော်လည်း ခရီးသွားကဏ္ဍ သည်     အပြည့်အဝ    ပြန်လည် ကောင်းမွန်လာခြင်း   မရှိသေး ကြောင်းသိရသည်။ 

အင်န်အိတ်ချ်ကေ