
ရန်ကုန် ဇန်နဝါရီ ၂၇
ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံ ချစ်ကြည်မှုအရ လှူဒါန်းခြင်းနှင့် ဝယ်ယူခြင်းမှ ရရှိထားသည့် Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇန်နဝါရီ ၁၉ ရက်မှစတင်ထိုးနှံခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိရာ စုစုပေါင်း လူဦးရေ ၁၂၄၇၄၇ ဦးကို ထိုးနှံ ပေးနိုင်ခဲ့ပြီဖြစ်သည်။
ရုရှားသမ္မတနိုင်ငံမှ Sputnik Light ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးသည် တစ်ကြိမ်သာထိုးနှံရန် လိုအပ်ပြီး ရောဂါကာကွယ်မှုနှုန်း ကောင်းမွန်သည့် ကာကွယ်ဆေး ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု ကို အချိန်တိုအတွင်း မြင့်မားစွာ ရရှိစေနိုင်၍ ၎င်းကာကွယ်ဆေးကို အလှည့်ကျထိုးနှံခွင့်ရရှိသူ မိဘ ပြည်သူများအနေဖြင့် မပျက် မကွက်ထိုးနှံမှု ခံယူသင့်သည့် ကာကွယ်ဆေးဖြစ်သည်။ အဆိုပါ Sputnik Light ကာကွယ်ဆေးများ ထိုးနှံပေးခြင်းအနေဖြင့် အအေး လမ်းကြောင်းမပြတ် သယ်ယူ ပို့ဆောင်၍ ကာကွယ်ဆေးထိုးနှံ ရန် သင့်လျော်သည့် တိုင်းဒေသ ကြီး/ ပြည်နယ်များရှိ ကာကွယ် ဆေးလွှမ်းခြုံမှု နည်းပါးသည့် မြို့နယ်များတွင် ဆက်လက်ထိုးနှံ ပေးမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံအစိုးရမှလှူဒါန်းထားသော Covaxin ကာကွယ် ဆေးများကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မြို့နယ်များဖြစ် သော စစ်ကိုင်းတိုင်းဒေသကြီးရှိ တမူး၊ ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသော အသက် (၁၈) နှစ်နှင့် ပြည်သူလူထု များအား ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ စုစုပေါင်းလူဦးရေ ၂၅၀၀၀ အား ထိုးနှံပေးနိုင်ခဲ့ပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို လည်း ဆက်လက်၍ ဆောင်ရွက် လျက်ရှိသည်။
ကျန်းမာရေးဝန်ကြီး ဌာန သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အားသွန် ခွန်စိုက် ကျယ်ပြန့်စွာထိုးနှံပေး လျက်ရှိရာ ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ လူဦးရေ ၁၈ ဒသမ ၄ သန်းကျော်ကို အကြိမ် ပြည့်ထိုးနှံပေးခဲ့၍ ၃ ဒသမ ၄ သန်းကျော်ကို တစ်ကြိမ် ထိုးနှံ ပေးခဲ့ပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်နှင့် အထက် ထိုးနှံပြီးသူ ၂၁ ဒသမ ၈ သန်း ကျော်ရှိပြီဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၄၀ ဒသမ ၂၅ သန်း doses ကို ထိုးနှံပြီးဖြစ်သည်။
မိဘပြည်သူများအနေဖြင့် မိမိ အတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက် မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူ ခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့် လည်း ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ် ကာလအတွင်းတွင် နီးစပ်ရာ ကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ တွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
သတင်းစဉ်