နှစ်နိုင်ငံအကြား G to G စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်ဖြူတန်ချိန် ၂၅၀၀၀၀ နှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ အထိ တင်ပို့ရောင်းချမည်

 

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ  နှစ်နိုင်ငံအစိုးရတို့ အကြား ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ (Memorandum of Understanding- MoU) ကို  ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့    နှစ်စဉ်အများဆုံး   ဆန်ဖြူတန်ချိန် ၂၅၀၀၀၀  နှင့် ပေါင်းဆန်တန်ချိန်   ၅၀၀၀၀  အထိ တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ အဆိုပါ MoU အရ မြန်မာနိုင်ငံမှာ Myanmar Rice Federation– MRF  နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့မှ   ဧည့်မထ  ၅  ရာခိုင်နှုန်း တန်းမြင့် ဆန်တန်ချိန်   ၂၀၀၀၀၀   တင်ပို့ရန်   သဘောတူ စာချုပ် (Sales Contract) ကို ချုပ်ဆိုခဲ့ပြီး တင်ပို့ နိုင်ရေးအတွက်   လိုအပ်သည်များ   ဆောင်ရွက် ကြသည်။ 

 


အဆိုပါ   Sales  Contract  အရ  ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ မြန်မာနိုင်ငံမှ ဆန် တန်ချိန်  ၂၀၀၀၀  ကျော်   တင်ပို့နိုင်ခဲ့ပြီး ဖြစ်သည်။  တင်ပို့ရန် ကျန်ရှိသည့်ဆန်များအနက် ဆန်တန်ချိန် ၁၅၀၀၀ ကျော်မှာ သင်္ဘောတင်ဆဲဖြစ်ပြီး ကျန်ရှိသည့် ဆန်တန်ချိန် ၁၅၀၀၀၀   ကျော်ကို   သတ်မှတ်ကာလ အတွင်း    ပြည့်မီအောင် တင်ပို့နိုင်ရေး  ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်းအရင်းအမြစ် - စီးပွား/ကူးသန်း