
နေပြည်တော် မေ ၂၇
စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း သည် မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် နှင့်အတူ မေ ၂၆ ရက် နံနက်ပိုင်း က မကွေးတိုင်းဒေသကြီး မကွေး မြို့ရှိ အချိုရည်နှင့် ရေခဲစက်ရုံ (မကွေး)သို့ရောက်ရှိပြီး လိုအပ် သည်များ မှာကြားကာ စက်ရုံ အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ချောက်မြို့ရှိ အမှတ်(၃၅) အကြီးစားစက်ရုံ (ချောက်)သို့ရောက်ရှိ၍ ကြွေသီး များ ထုတ်လုပ်နေသည့် လုပ်ငန်း စဉ်အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စက်ရုံ အနေဖြင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Business Plan ရေးဆွဲဆောင်ရွက်ရန်၊ ကြွေသီး များ သတ်မှတ် စံချိန်စံညွှန်းများနှင့် အညီ သုံးစွဲသူအကြိုက် ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် အရင်းကျေ ပြီး နှစ်စဉ်အကျိုးအမြတ်ရရှိ၍ စက်ရုံရေရှည်ရပ်တည်လည်ပတ် နိုင်ရေးအတွက် ကြိုးစားဆောင် ရွက်ရန်၊ မိမိထုတ်ကုန်ပစ္စည်းများ နှင့်ပတ်သက်၍ ဈေးကွက်သုတေ သနလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန်၊ စက်ရုံပိုင် မြေနေရာများတွင် ဆိုလာလျှပ်စစ် စွမ်းအင်ထုတ်လုပ်လိုသည့် လုပ်ငန်း ရှင်များ ဖိတ်ခေါ်ပြီး လျှပ်စစ်ဓာတ် အား ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မန္တလေးတိုင်းဒေသ ကြီး မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) သို့ရောက်ရှိ ပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များနှင့် ပတ်သက်၍ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ Melt Shop - 1 ပြန်လည် လည်ပတ်နိုင် ရေးအတွက် လျှပ်စစ်နှင့် စက်မှု ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် ရာတွင် အချိန်ဇယားများ ရေးဆွဲ ဆောင်ရွက်ရန်နှင့် သတ်မှတ်ချိန် အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်း များ စတင်ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ စက်ရုံ၌ တပ်ဆင်ထားရှိသော စက်ပစ္စည်း ကိရိယာများနှင့် ရောက်ရှိပြီးသော စက်ပစ္စည်းကိရိယာများ ပျက်စီး ဆုံးရှုံးမှုမရှိစေရေး ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများကို အစဉ် အမြဲဆောင်ရွက်ရန်၊ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ စတင်ဆောင် ရွက်ချိန်တွင် အဆင်သင့်ဖြစ်စေ ရေး ကြိုတင်ပြင်ဆင်ထားကြရန် မှာကြားကာ Melt Shop -1 ပြန်လည် လည်ပတ်နိုင်ရေး အတွက် စက်ရုံအစီအစဉ်ဖြင့် လျှပ်စစ်နှင့် စက်ပစ္စည်းများကို စစ်ဆေးပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ Bale Press Machine ဖြင့် မော်တော်ယာဉ်ကိုယ်ထည်များကို Scrap Bale (လေးထောင့်တုံး) များ ပြုလုပ်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်