(NCA) ချုပ်ဆိုခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်Video Messageဖြင့် ပြောကြားမည့် မိန့်ခွန်းထုတ်လွှင့်ပြသမည်

 

နေပြည်တော်   အောက်တိုဘာ   ၁၄


အောက်တိုဘာ   ၁၅  ရက်တွင်  ကျင်းပပြုလုပ်မည့်  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်၊  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Video Message ဖြင့် ပြောကြားမည့် မိန့်ခွန်းအပြည့်အစုံအား မြန်မာ့ရုပ်မြင်သံကြား MRTV ၊ MRTV NRC ၊ မြန်မာ့အသံရေဒီယို၊ MRTV  Live  Stream ၊ မြဝတီရုပ်မြင်သံကြား MWD ၊  MWD Variety ၊  MWD Movies ၊ MWD Education , Knowledge and Sport MWD Family ၊ MWD Documentary ၊  MWD Shopping တို့ နှင့် သဇင် FM တို့တွင် အခမ်းအနားကျင်းပချိန် နံနက် ၉ နာရီ၌ တစ်ပြိုင်တည်း ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ 


သတင်းစဉ်