နှစ် ၁၀၀ ကျော် အတွေ့အကြုံ ရှိပြီးဖြစ်သည့် မိမိတို့ မီးရထားလုပ်ငန်းသည် မီးရထားစက်ခေါင်းများနှင့် လူစီးတွဲ၊ ကုန်တင်တွဲများကို ပြည်တွင်းဖြစ်တည်ဆောက်နိုင်ရမည်

 

နေပြည်တော် စက်တင်ဘာ ၁၀


နိုင်ငံတော်  စီမံအုပ်ချုပ်ရေး ကောင်စီ     ဥက္ကဋ္ဌ၊    နိုင်ငံတော် ဝန်ကြီးချုပ်            ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်      ယနေ့ မွန်းလွဲပိုင်းတွင်   နေပြည်တော် ကောင်စီနယ်မြေ  ပုဗ္ဗသီရိမြို့နယ် ရှိ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားစက်မှု နှင့်   လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်   တပ်ဆင်ထုတ်လုပ် ရေးစက်ရုံ (နေပြည်တော်)နှင့်    ဘူတာကြီးတို့သို့     သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ်အား   စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)တွင်      နိုင်ငံတော် စီမံအုပ်ချုပ်ရေး    ကောင်စီဝင်များ ဖြစ်ကြသည့်      ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊        ဒုတိယ ဗိုလ်ချုပ်ကြီး    မိုးမြင့်ထွန်း၊ ကောင်စီအတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နေပြည်တော်   ကောင်စီဥက္ကဋ္ဌ ဒေါက်တာ   မောင်မောင်နိုင်၊ နေပြည်တော်   တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်   တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။  

                                        
ထို့နောက်      စက်ရုံအစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ စက်မှုနှင့်   လျှပ်စစ်အင်ဂျင်နီယာဌာန  အထွေထွေ မန်နေဂျာ ဦးတင်မောင်သန်းနှင့် စက်ရုံမှူး ဦးမြင့်နိုင် တို့က  မြန်မာ့မီးရထား၏ နောက်ခံသမိုင်းအကျဉ်းနှင့် လုပ်ငန်းတာဝန်များ၊ စက်ရုံများနှင့် ဌာနများအလိုက် ဝန်ထမ်းများခန့်အပ်ထားမှု  အခြေအနေများ၊  နိုင်ငံ တစ်ဝန်းမီးရထားများ ပြေးဆွဲနေမှု အခြေအနေများ နှင့်  တိုးချဲ့ပြေးဆွဲမည့် အခြေအနေများ၊ မီးရထား လမ်းများ    တိုးချဲ့ဖောက်လုပ်နေမှု အခြေအနေများ၊ မီးရထား     လူစီးတွဲနှင့်      ကုန်တွဲအသစ်များ တည်ဆောက်ခဲ့မှုနှင့်  ဆက်လက်တည်ဆောက်နေမှု အခြေအနေများ၊ စက်ခေါင်းများ ပြုပြင်ထိန်းသိမ်းမှုနှင့် မီးရထားလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု  အခြေအနေများ၊ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်) သမိုင်း ကြောင်းနှင့်    မီးရထားပြတိုက်တည်ဆောက်ရန် ဆောင်ရွက်ထားရှိမှု  အခြေအနေများ၊ ၂၀၂၁ ခုနှစ် မေလ ၁၈ ရက်တွင်  မြန်မာ့မီးရထား    လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်) သို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ရောက်ရှိ စစ်ဆေးစဉ်      လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ အား   Power   Point   ဖြင့်    ရှင်းလင်းတင်ပြကြ   သည်။


ရေရှည်အတွက်  ဦးစားပေးစဉ်းစား


ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က နိုင်ငံ၏  ပို့ဆောင်ရေးလုပ်ငန်းများတွင်   ရထား ပို့ဆောင်ရေးလုပ်ငန်းသည်           နိုင်ငံကိုများစွာ အထောက်အကူပြုသည့်   သယ်ယူပို့ဆောင်ရေး စနစ်ပင်ဖြစ်ကြောင်း၊   မီးရထားလမ်းများ  ကြံ့ခိုင် ကောင်းမွန်ရေးအတွက် အဓိကဦးစားပေး ဆောင်ရွက် ရန်လိုကြောင်း၊  လမ်းတစ်ခုချင်းအလိုက်  တိုင်းတာ စစ်ဆေးရန်လိုကြောင်း၊         မီးရထားလမ်းများ ကောင်းမွန်ခြင်း   မရှိပါက   ရထားတွဲများပျက်စေပြီး ခရီးသွားလာမှုကို    ကြန့်ကြာမှု  ဖြစ်ပေါ်စေသဖြင့် လမ်းများကောင်းမွန်စေရေး  ရထားလမ်းများအား ထိန်းသိမ်းဆောင်ရွက်ရာတွင်  သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာ၍ ရေရှည် အတွက်     ဦးစားပေးစဉ်းစားဆောင်ရွက်ရန်လို ကြောင်း၊ ရန်ကုန်-ပြည် မီးရထားလမ်းသည်  ပထမ ဆုံးဖွင့်လှစ်ခဲ့သည့်    မီးရထားလမ်းဖြစ်ပြီး  အဆင့် မြှင့်တင်ကာ  လျှပ်စစ်ရထားလမ်းများအထိ မျှော်မှန်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ချက်ချင်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်မည် မဟုတ်သော်လည်း ရေရှည်အတွက်  စီမံချက်ချ   လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊  မြစ်ကူးမီးရထားတံတားဖောက်လုပ်ရာတွင်  ယခင်က   မှားယွင်းစွာဖောက်လုပ်ခဲ့သည့်   ဒီဇိုင်းအမှားများအပေါ်  သင်ခန်းစာယူ၍ ဘေးချင်း ယှဉ်လျက်သော်လည်းကောင်း၊ အပေါ်အောက် နှစ် ထပ်ဒီဇိုင်းပုံစံဖြင့် သော်လည်းကောင်း ဖောက်လုပ် နိုင်ရေး စဉ်းစားလုပ်ဆောင်ကြရန်လိုကြောင်း။


အဆင့်မြှင့်တင်နိုင်ရေး ကြိုးပမ်း


ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင်  အသုံးပြုရန် ပြန်လည်ပြုပြင်မည့်    ရေနွေးငွေ့သုံး    မီးရထား စက်ခေါင်းများ  မောင်းနှင်ရာတွင်   ကျောက်မီးသွေးကို အသုံးပြုမောင်းနှင်ရန်နှင့် အရည်အသွေးကောင်းမွန် သည့်  ကျောက်မီးသွေးများကို  အသုံးပြုရမည်ဖြစ် ကြောင်း၊ မီးရထားလမ်းများအနေဖြင့် လမ်းကောင်း ရန်နှင့် လမ်းတစ်လျှောက် ရထားစီးခရီးသည်များ မျက်စိပသာဒရှိရန် လိုအပ်သကဲ့သို့ ရထားအတွင်းပိုင်း သည်လည်းသန့်ရှင်းသပ်ရပ်နေရမည်ဖြစ်ကြောင်း၊ နှစ် ၁၀၀ ကျော် အတွေ့အကြုံရှိပြီးဖြစ်သည့် မိမိတို့ မီးရထားလုပ်ငန်းသည်  မီးရထားစက်ခေါင်းများနှင့် လူစီးတွဲ၊    ကုန်တင်တွဲများကို      ပြည်တွင်းဖြစ်   တည်ဆောက်နိုင်ရမည်ဖြစ်ကြောင်း၊    နိုင်ငံတစ်ခု တိုးတက်ရေးအတွက် Research and Development သည် အဓိကလိုအပ်သကဲ့သို့    မြန်မာ့မီးရထားတွင် လည်း ရထားနှင့်  ပတ်သက်သည့် Research and Development Center တစ်ခု ထူထောင်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊    ရထားတွဲများ တည်ဆောက်ရာတွင် လျှပ်စစ်ရထားအထိ ဖွံ့ဖြိုး တိုးတက်အောင်   ဆောင်ရွက်နိုင်ရေး     အနာဂတ် အတွက်    ကြိုတင်စဉ်းစား  ဆောင်ရွက်နေရန်လို ကြောင်း၊ ထိုသို့ စဉ်းစား၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း   ခေါင်းတွဲငယ်များဖြင့် စတင်ဆောင်ရွက်ကာ အဆင့်ဆင့် အဆင့်မြှင့်တင်နိုင် ရေး  ကြိုးပမ်းလုပ်ဆောင်    ကြရမည်ဖြစ်ကြောင်း မှာကြားဆွေးနွေးသည်။


လှည့်လည်ကြည့်ရှု


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ခေါင်းသစ်         တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ  (နေပြည်တော်) အတွင်း   လူစီး စက်ခေါင်းများနှင့် ရိုးရိုးစက်ခေါင်းများ      တပ်ဆင်မွမ်းမံထားရှိမှု၊ စက်ခေါင်းသစ်များ       တည်ဆောက်နေမှုနှင့် တည်ဆောက်ပြီးစီးသည့်    စက်ခေါင်းသစ်များကို လှည့်လည်ကြည့်ရှုကြရာ      တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြ


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်    နေပြည်တော်ဘူတာကြီးသို့    ရောက်ရှိ ကြပြီး    မီးရထားပြတိုက်  တည်ဆောက်ရန် စီမံ ဆောင်ရွက်လျက်ရှိသည့်    အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက   လိုက်လံ ရှင်းလင်းတင်ပြကြသည်။


ပြန်လည်ဆွေးနွေး


ရှင်းလင်းတင်ပြမှုများအပေါ်       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က  မီးရထားပြတိုက် တည်ဆောက်ရာ၌ ရှေးဟောင်း စက်ခေါင်းတွဲများအား အဆောက်အဦ၏   ပြင်ပတွင်    ပြသထားရှိပါက ရေရှည်တွင် ရာသီဥတုဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုများ      ဖြစ်ပေါ်လာနိုင်သဖြင့်    ပြတိုက်အတွင်း    ထည့်သွင်းပြသရန်လိုကြောင်း၊ ပြည်ပနိုင်ငံများတွင်     တည်ဆောက်ထားရှိသည့် မီးရထားပြတိုက်များကို   လေ့လာ၍   မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့်    ဒီဇိုင်းပုံစံမျိုးရရှိအောင်  စနစ်တကျ တွက်ချက်လုပ်ဆောင်ကြရန်လိုကြောင်းနှင့် မီးရထား နှင့်  ပတ်သက်၍   ဘူတာရပ်ဝန်းတွင်သာမက   လမ်းနယ်များတွင်ပါ     ဘေးအန္တရာယ်ကင်းရှင်းမှု ရှိစေရေး   မီးရထားစည်းကမ်းချက်များကို  တိတိ ကျကျလိုက်နာစေရေး   ကြပ်မတ်လုပ်ဆောင်ကြ ရန်လိုအပ်သည့်  အခြေအနေများနှင့်  ပတ်သက်၍  ပြန်လည်ဆွေးနွေးပြောကြားသည်။


တစ်ဖက်တစ်လမ်းမှ 
အထောက်အကူပြု


အဆိုပါ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)ကို  မြန်မာ့မီးရထားရှိ အဓိက စက်ရုံကြီးများဖြစ်သည့်  စက်ခေါင်းစက်ရုံ(အင်းစိန်)နှင့် ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)တို့၏ လုပ်ငန်း တာဝန်များကို     အထောက်အကူပြုနိုင်စေရန်၊ ပြည်တွင်း၌ လိုအပ်သည့် ဒီဇယ်လျှပ်စစ်စက်ခေါင်းများ ပြုပြင်မွမ်းမံမှုများကို    တိုးချဲ့ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင်    စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလ တွင် တည်ဆောက်မှုလုပ်ငန်းများပြီးစီးခဲ့ပြီး ပထမဦး ဆုံး စက်ခေါင်းသစ် DF 2093 စက်ခေါင်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊  စက်ရုံတွင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း စက်ခေါင်းသစ် ၁၀ ခေါင်းကို  တပ်ဆင် ထုတ်လုပ်နိုင်ခဲ့ကြောင်းနှင့်     မြန်မာ့မီးရထားဖွံ့ဖြိုးတိုးတက်ရေးအတွက်         တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိကြောင်း      သတင်းရရှိ  သည်။


သတင်းစဉ်