Naypyitaw State Academy တည်ထောင်သည့် (၁)နှစ်ပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲဖွင့်ပွဲကျင်းပ

 

နေပြည်တော်     နိုဝင်ဘာ    ၉


Naypyitaw  State Academy တည်ထောင်သည့်  (၁)နှစ်ပြည့် အထိမ်းအမှတ်   စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပရာ ပညာရေးဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲ တမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw   State Academy ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ စာတမ်းဖတ်ကြား မည့်    စာတမ်းရှင်များ၊    ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။


ဦးစွာ    ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ မြို့တော် နေပြည် တော်တွင်     စဉ်းစားတွေးခေါ် ဖန်တီးမှုကို အားပေးသော၊ အရည် အသွေးပြည့်ဝသည့်    သင်ကြား သင်ယူ လေ့ကျင့်မှုများမှတစ်ဆင့်  အသုံးချသုတေသနနှင့်   တီထွင် ဆန်းသစ်မှုကို    အားပေးသော အဆင့်မြင့်ပညာရပ်များကို သင်ယူ ရာ  တက္ကသိုလ်တစ်ခုကို တည် ထောင်ဖွင့်လှစ်ရန်     ဟူသော ရည်ရွယ်ချက်ဖြင့် Naypyitaw State Academy ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် တည်ထောင် ဖွင့်လှစ်ခဲ့ရာ      ယနေ့ဆိုလျှင် တစ်နှစ်တိတိ  ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊  “ပညာရှင်များ မွေးထုတ်ရာ ဦးဆောင်တက္ကသိုလ်” တစ်ခုဖြစ်ရန် ရည်မှန်းထားသည် နှင့်အညီ    Naypyitaw   State Academy ကို  စတင်ဖွင့်လှစ်စဉ် က   Faculty   System   ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး   ဝိဇ္ဇာ ပညာ မဟာဌာန၊ သိပ္ပံပညာမဟာ ဌာန၊ စီးပွားရေးပညာမဟာဌာန၊    ဥပဒေပညာမဟာဌာန ဟူသော  မဟာဌာနကြီး  လေးခုအောက် တွင် ဘာသာရပ် ၁၂ ခုဖြင့် စတင်     ဖွင့်လှစ်သင်ကြားခဲ့ပါကြောင်း။ 


ယခုဖွင့်လှစ်မည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်   ဆေးပညာ မဟာဌာနကို    တိုးချဲ့ဖွင့်လှစ်ပြီး ဆေးပညာ ပထမနှစ်သင်တန်းကို စတင်    လက်ခံသင်ကြားမည် ဖြစ်သည့်အပြင် ဥပဒေပညာမဟာ ဌာနတွင် B.A(Law) ဘွဲ့သင်တန်း၊ စီးပွားရေးပညာ  မဟာဌာနတွင် B.A(Eco) ဘွဲ့သင်တန်းများ အပါ အဝင် အထူးပြုဘာသာရပ် ၁၅ ခု တွင်   ပထမနှစ်   ကျောင်းသား ကျောင်းသူများကို စတင်လက်ခံ သင်ကြားသွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင်    မကြာမီအချိန်ကာလ အတွင်း   မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့ သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန်    စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း။


စဉ်းစား   တွေးခေါ်နိုင်မှုနှင့် တီထွင်ဖန်တီးနိုင်မှု   စွမ်းရည် မြင့်မားပြီး စိတ်ဓာတ်နှင့်ခံယူချက် မှန်ကန်ကောင်းမွန်သည့်   အသိ ပညာရှင်        အတတ်ပညာရှင် များ  ပေါ်ထွန်းလာစေရေးအတွက်  ဆရာ  ဆရာမများ၊ ဝန်ထမ်းများ အားလုံး အရှိန်အဟုန်မြှင့် ဝိုင်းဝန်း ဆောင်ရွက်       ပေးကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် Naypyitaw State Academy ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်က  စာတမ်း ဖတ်ပွဲကျင်းပရခြင်း၏  ရည်ရွယ် ချက်ကို      ရှင်းလင်းပြောကြားသည်။


ဖွင့်ပွဲအခမ်းအနားအပြီးတွင် Naypyitaw State Academy ၏ ဆရာ  ဆရာမ၊ ဝန်ထမ်းများကို အမှတ်တရ       ကံစမ်းမဲများ ဖောက်ပေးကြသည်။


ယင်းနောက်   သုတေသန စာတမ်းဖတ်ပွဲများကို စတင်ကျင်းပ ရာ   ဒေါ်သန္တာဦးက  “စံဘာသာ စကားနှင့်   နေ့စဉ်သုံး   အပြော ဝေါဟာရအချို့    ကွဲပြားချက်” ခေါင်းစဉ်ဖြင့်   လည်းကောင်း၊ စာတမ်းရှင် ဒေါ်ဝင်းမာလာသိန်း က “Myanmar-Bangladesh Diplomatic Relations Since 2011” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတမ်းရှင်     ဒေါ်အိအိမွန်က “Concentration, Distribution, Sources    Analysis,    and Potential Risk Assessment of Polycyclic Aromatic Hydro-carbon in  Road Dusts from Mandalay, Myanmar” ခေါင်းစဉ် ဖြင့်လည်းကောင်း၊    စာတမ်းရှင် ဒေါ်ခင်ရီထူးက “Green Synthe-sis of Tin (IV) Oxide Nanopar-ticles Using Plant Extract and The Study  od Dye Removal”  ခေါင်းစဉ်ဖြင့်    လည်းကောင်း၊ စာတမ်းရှင်     ဦးကျော်သူက “Temperature and Solar Effects on Photovoltaic Panel” ခေါင်းစဉ်ဖြင့်    လည်းကောင်း၊ စာတမ်းရှင် ဒေါ်ဆွေယဉ်ထွန်းက “Construction of Car Parking Sensor by using HC- SR04 Ultrasonic Sensor and Arduino Uno Microcontroller” ခေါင်းစဉ် ဖြင့်လည်းကောင်း၊   စာတမ်းရှင် ဒေါ်အိအိသက်ဖွေးက  “Some Properties of Measurable Sets” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတမ်းရှင်     ဒေါ်မိုးနှင်းဖြူက “Effects   of  Social Welfare Factors on Increasing Labour Productivity   of  Garment Manufacturing   Firms in Myanmar”  ခေါင်းစဉ်ဖြင့် လည်း ကောင်း၊   စာတမ်းရှင်   ဒေါ်နန်း သီတာဝင်းက  “Reward and Motivation of Employee  at Zeya & Associates  Co.,Ltd.” ခေါင်းစဉ်ဖြင့်    လည်းကောင်း၊ စာတမ်းရှင် ဒေါ်ဝင်းစန္ဒာခင်က “Service    Recovery   and Customer Loyalty of  Online Shops”   ခေါင်းစဉ်ဖြင့်  လည်း ကောင်း၊ စာတမ်းရှင် ဒေါ်ထွေးထွေး သက်က   “Legal Study on Employment   Contract   in Myanmar”      ခေါင်းစဉ်ဖြင့် လည်းကောင်း၊     စာတမ်းရှင် ဒေါ်စိုးသီရိဖြူက “The Role of Court-Led Mediation in Civil Suits of Myanmar” ခေါင်းစဉ် ဖြင့်လည်းကောင်း၊   စာတမ်းရှင် ဒေါ်နှင်းပွင့်အေးက     “Legal Perspective  on  Shareholder Voting Rights: Ensuring Equity and Transparency  in Corpo-rate Affairs  in  Myanmar” ခေါင်းစဉ်ဖြင့်     လည်းကောင်း ဖတ်ကြားကြသည်။


ထို့နောက် စာတမ်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး Naypyitaw State Academy ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးစိုးအောင်က     ဂုဏ်ပြုအမှာ စကားပြောကြားကာ စာတမ်းရှင်များနှင့်    မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်