
နေပြည်တော် ဇန်နဝါရီ ၁၈
Naypyitaw State Academy ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ Academy ဘက်စုံခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ကျောင်း သား ကျောင်းသူများက “ကမ္ဘာက သိမည် တို့ကြက်ခြေနီ” သီချင်း ဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ ပြီး ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင်က အဖွင့်အမှာ စကား ပြောကြားသည်။
ထို့နောက် နေပြည်တော် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက အမှာစကား ပြောကြား ပြီး တိုင်းကြက်ခြေနီဥက္ကဋ္ဌက ကျောင်းအတွက် First Aid Kid နှင့် အထောက်အကူပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ကာ သင်တန်း သားများက ရှေးဦးပြုစုခြင်း သရုပ်ပြကြသည်။
ယင်းနောက် သင်တန်းသား များကို သင်တန်းဆင်း လက်မှတ် ပေးအပ်၍ သင်တန်းတွင် ထူးချွန် သူများကို ဆုချီးမြှင့်ပြီး သင်တန်း နည်းပြ ဆရာ ဆရာမများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ် သည်။
အဆိုပါသင်တန်းကို Nay-pyitaw State Academy ၌ ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင် စီစဉ်မှုဖြင့် ဇန်နဝါရီ ၇ ရက်မှ ၁၅ ရက်အထိ စနေ၊ တနင်္ဂနွေနေ့ များတွင် ဖွင့်လှစ်သင်ကြားပေး ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၄၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်