Naypyitaw State Academy ၌ စားပွဲတင်တင်းနစ်ပြိုင်ပွဲကျင်းပ

 

နေပြည်တော်   ဖေ‌ဖော်ဝါရီ   ၂၇
Naypyitaw State Academy ၊ အားကစားနှင့်      ကာယပညာ ကော်မတီက ကြီးမှူး၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမျိုးသား၊ အမျိုးသမီး   စားပွဲတင်တင်းနစ် ပြိုင်ပွဲကို    Naypyitaw    State Academy    အားကစားခန်းမ၌ ယနေ့နံနက် ၉ နာရီက  ကျင်းပ ရာ Naypyitaw State Academy ဒုတိယပါမောက္ခချုပ်များ၊ ဘာသာ ရပ်ဌာနများမှ ဌာနမှူးများ၊ ဆရာ ဆရာမများ၊       ဝန်ထမ်းများနှင့် ကျောင်းသား     ကျောင်းသူများ တက်ရောက် အားပေးသည်။ 
ပြိုင်ပွဲမစတင်မီ Naypyitaw State Academy ဒုတိယပါမောက္ခ ချုပ်   (သင်တန်း)     ဒေါက်တာ စိုးစိုးအောင်က       အမှာစကား  ပြောကြားပြီး ပြိုင်ပွဲများကို စတင် ကျင်းပရာ   အမျိုးသားပွဲစဉ်    ၂၂ ပွဲနှင့်    အမျိုးသမီးပွဲစဉ်   ၁၀   ပွဲ ယှဉ်ပြိုင်ကစားကြသည်။
မွန်းလွဲပိုင်းတွင်    ဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ အမျိုး သားပွဲစဉ်တွင် ဆုရရှိသူများကို  ဒုတိယပါမောက္ခချုပ်       (စီမံ) ဒေါက်တာနုနုလွင်က       လည်း ကောင်း၊    အမျိုးသမီးပွဲစဉ်တွင် ဆုရရှိသူများကို  ဒုတိယပါမောက္ခ ချုပ် (သင်တန်း) ဒေါက်တာစိုးစိုး  အောင်က လည်းကောင်း ဂုဏ်ပြု ဆုများ           ပေးအပ်ချီးမြှင့်ပြီး အားကစားနည်းပြနှင့် ဒိုင်များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ် ခဲ့ကြောင်း သိရသည်။ သတင်းစဉ်