
နေပြည်တော် ဒီဇင်ဘာ ၃၁
Naypyitaw State Academy ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်က Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ကျောင်းသား ကျောင်းသူများက Naypyitaw State Academy သီချင်းဖြင့် သီဆို ဖျော်ဖြေ၍ ဖွင့်လှစ်ပြီး ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာ စိုးစိုးအောင်က သင်တန်းရေးရာ သိသင့် သိထိုက်သည်များ၊ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အခမ်းအနားမှူးက ပါမောက္ခ/တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ သင်တန်း/စီမံမှ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများက အဆို၊ အက၊ အလှများဖြင့် ဖျော်ဖြေကြပြီး အခမ်း အနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ Naypyitaw State Academy မှ ဒုတိယ ပါမောက္ခချုပ် များ၊ ပါမောက္ခ/တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ ဆရာ ဆရာမများ၊ သင်တန်း/ စီမံမှ တာဝန်ရှိသူများ နှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
သတင်းစဉ်