
နေပြည်တော် နိုဝင်ဘာ ၂၃
ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ဆေးသိပ္ပံပညာမဟာဌာန (Faculty of Medicine) ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက အဆိုပါ Academy ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်း ကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်း သိန်းဇံ၊ ဒေါက်တာစိုးဝင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြား ရေးမှူးရုံး ဒုတိယဆေးဝန်ထမ်းညွှန်ကြားရေးမှူး၊ ဆေးတက္ကသိုလ် ပါမောက္ခချုပ် များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေး ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆေးပညာရှင် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ရှိ ပြည်သူ့ဆေးရုံ ကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ များနှင့် ဖိတ်ကြားထားသူများ၊ ဆရာ ဆရာမများနှင့် Naypyitaw State Academy, Faculty of Medicine သို့ တက်ရောက်ကြမည့် သစ်လွင်ကျောင်း သား ကျောင်းသူများ တက်ရောက်ကြ သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဆေး ကောင်စီဥက္ကဋ္ဌတို့က Naypyitaw State Academy၊ ဆေးသိပ္ပံပညာမဟာဌာန (Faculty of Medicine) ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က နေပြည်တော်ကို ပညာရေးမြို့တော် ဖြစ်လာစေရန်နှင့် နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ပညာရပ် မျိုးစုံကို ရွေးချယ်သင်ယူလေ့လာနိုင်ရန် ရည်ရွယ်၍ Naypyitaw State Academy ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ Naypyitaw State Academy အား ကြောင်းကျိုးဆက်စပ် တွေးခေါ်မှုကို အခြေခံသည့် သင်ကြားသင်ယူမှုကို အားပေးချီးမြှောက်ပြီး အသုံးချသုတေသန များနှင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝ မြင့်မားရေးကို ဖော်ဆောင်ပေးနိုင်မည့် ပညာရှင်များမွေးထုတ်ရာ ဦးဆောင် တက္ကသိုလ်တစ်ခုဖြစ်စေရန် ရည်မှန်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ Naypyitaw State Academy ကို စတင် ဖွင့်လှစ်စဉ်ကတည်းက Faculty System ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ဝိဇ္ဇာပညာ မဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွား ရေးပညာမဟာဌာန၊ ဥပဒေပညာမဟာ ဌာန၊ ဆေးသိပ္ပံပညာမဟာဌာန၊ လူမှုရေး ပညာ မဟာဌာန၊ အားကစားပညာမဟာ ဌာနဆိုသည့် မဟာဌာနကြီး ခုနစ်ခုဖြင့် Comprehensive University အဖြစ် မြန်မာနိုင်ငံတွင် ပထမဦးဆုံးတည်ထောင် ဖွင့်လှစ်နိုင်ခဲ့သည့် တက္ကသိုလ်ဖြစ်ပါ ကြောင်း၊ ယနေ့တွင် ပညာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆေးသိပ္ပံပညာမဟာ ဌာနကို စတင်ဖွင့်လှစ်နိုင်ပြီး ဆေးပညာ ပထမနှစ် သင်တန်းတွင် ကျောင်းသား ကျောင်းသူ ၃၁ ဦးကို စတင်လက်ခံ သင်ကြားမည်ဖြစ်ပါ ကြောင်း၊ Naypyitaw State Academy တွင် ကျောင်းသားဗဟိုပြုသင်ကြားမှုစနစ်ကို အကောင်အထည် ဖော်နိုင်ရန်၊ အရည်အသွေးရှိသော သင်ကြားသင်ယူမှုစနစ်ကို ထိရောက် စွာ ဆောင်ရွက်နိုင်ရန် ခေတ်မီသင်ရိုး ညွှန်းတမ်းများ၊ ခေတ်မီလက်တွေ့ခန်းသုံး ပစ္စည်းများ၊ Internet Access နှင့် e-library ပစ္စည်းများကို ပြည့်စုံစွာ ဖြည့်ဆည်းပေးထားပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း လိုအပ်သည်များကို နှစ်အလိုက် ဖြည့်ဆည်းပေးသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား သည်။
ခြောက်ခုမြောက် ဆေးတက္ကသိုလ်
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင် ဝင်းက ပြည်သူလူထုအတွက် အရည် အသွေးပြည့်ဝသော ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးရာတွင် အဓိကကျ သည့် ဆရာဝန်များအား မွေးထုတ်ပေးနိုင် မည့် ခြောက်ခုမြောက် ဆေးတက္ကသိုလ် အဖြစ် Naypyitaw State Academy တွင် ဆေးသိပ္ပံပညာ မဟာဌာနဖွင့်လှစ်နိုင်မှု အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းအနေဖြင့်လည်း ကျန်းမာ ရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန၏ ဆေးတက္ကသိုလ် ငါးခုနှင့် တပ်မတော်ဆေးတက္ကသိုလ်တို့ တွင် လက်ရှိ သင်ကြားလျက်ရှိသည့် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်း ဖြစ်သည့် မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက် သင်ကြားခြင်းသင်ရိုး ညွှန်းတမ်း Outcome Based Integrated Curriculum ဖြင့် အသုံးပြုသင်ကြားပေး သွားမည်ဖြစ်ကြောင်း၊ သင်ကြားရေး အတွက် အတွေ့အကြုံရှိပြီး အရည်အချင်း ပြည့်မီသည့်ဆရာ ဆရာမများကို ခန့်ထား ပြီးဖြစ်ပြီး လိုအပ်သလို ဆက်လက် ခန့်အပ်ပေးသွားမည်ဖြစ်ပါကြောင်း။
သင်ကြားရေးပိုင်းအတွက် အဓိက လိုအပ်သည့် (Learning Teaching Aids) သင်ထောက်ကူ ပစ္စည်းများကိုလည်း ခေတ်မီနည်းပညာမြင့်၊ အရည်အသွေးမြင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်း ပေးထားပါကြောင်း၊ ဆေးလက်တွေ့ လေ့လာမှုများ ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်ရှိ သင်ကြားရေးဆေးရုံကြီး များတွင် အတွေ့အကြုံ ရင့်ကျက်သည့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများက သင်ကြား ပို့ချပေးသွားမည်ဖြစ်ပါကြောင်း။
ကျောင်းသား ကျောင်းသူများအတွက် နေထိုင်သွားလာရေး အဆင်ပြေစေရန် အတွက် အဆောင်နေထိုင်လိုသူများကို အဆောင်များစီစဉ်ထားပြီး ယခု ဆေးသိပ္ပံ ပညာမဟာဌာနကို နိုင်ငံတကာအရည် အသွေးအသိအမှတ်ပြု မဟာဌာနကြီး ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပြီး “Quality Culture” အရည် အသွေးအလေးထားသည့် ဓလေ့ထုံးစံဖြစ် သည့် တက္ကသိုလ်ပညာရေးစံတစ်ခု ပုံဖော် နိုင် ရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် လည်း နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံး က အားကိုးအားထားပြုရသော ပညာ ပြည့်ဝနှလုံးလှသော ဆရာဝန်ကောင်းများ၊ နိုင်ငံတော်၏ကျေးဇူးတရားကို ယုံကြည် ချက်၊ ခံယူချက်၊ ခိုင်ခိုင်မာမာဖြင့် ပြည်သူ လူထုကို ကျေးဇူးဆပ်နိုင်သော အဖိုးတန် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် Naypyitaw State Academy ဒုတိယ ပါမောက္ခချုပ်(စီမံ) တို့က ပြည်ထောင်စု ဝန်ကြီးများနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့ကို Naypyitaw State Acad-emy, Faculty of Medicine ဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင်ပစ္စည်းများကို ပေးအပ် ခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ နှင့် အခမ်းအနားတက်ရောက်လာကြသူ များသည် Function Hall အတွင်း ခင်းကျင်း ပြသထားသော ဆေးသိပ္ပံပညာမဟာဌာန တွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်း များနှင့် စာအုပ်စာတမ်းများ၊ Naypyitaw State Academy အတွင်းရှိ လက်တွေ့ခန်း၊ စာသင်ခန်းများနှင့် Smart Lecture Room အတွင်း ဆေးပညာအခြေခံနှစ် ဘာသာ ရပ်သင်ခန်းစာများကို အဆင့်မီသင်ကြား နေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်