Naypyitaw State Academy ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှုတ်ဆက်ပွဲနှင့် Physical Fitness Dance သင်တန်းဆင်းပွဲ ကျင်းပ

 

နေပြည်တော်  စက်တင်ဘာ  ၈


အနာဂတ်မြန်မာနိုင်ငံတော်တွင်           အားကိုး အားထားပြုထိုက်သည့်    လူ့စွမ်းအားအရင်း အမြစ်များ  ပေါ်ထွန်းလာရေးကို   ရည်ရွယ်၍ Naypyitaw    State   Academy   ၏   ဗလ ငါးတန်ဖွံ့ဖြိုးရေး  လူငယ်သီတင်းပတ် (Youth Week)    အစီအစဉ်အနေဖြင့်     လူငယ်များ  မိတ္တဗလနှင့်   ကာယဗလပြည့်စုံစေရေးအတွက်  ၂၀၂၂-၂၀၂၃        ပညာသင်နှစ်      နှုတ်ဆက်ပွဲ (Farewell) နှင့် Physical Fitness Dance သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ    ၁    နာရီခွဲ တွင် Naypyitaw State  Academy  ဘက်စုံ ခန်းမ၌ ကျင်းပသည်။ 


အခမ်းအနားတွင်  Naypyitaw State Academy    ဒုတိယပါမောက္ခချုပ်     (စီမံ)      ဒေါက်တာနုနုလွင်က      အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းသား  ကျောင်းသူများက Naypyitaw  State   Academy   သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။  ထို့နောက်  Physical Fitness   Dance         သင်တန်းသူလေးများက  သရုပ်ပြဖျော်ဖြေကြပြီး   Naypyitaw   State Academy ဒုတိယပါမောက္ခချုပ်  (သင်တန်း) ဒေါက်တာစိုးစိုးအောင်က     သင်တန်းဆင်း လက်မှတ်များကို      ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ကျောင်းသား ကျောင်းသူများက အဆို၊ အက၊ အလှများဖြင့် ဖျော်ဖြေကြသည်။ 


အခမ်းအနားသို့    Naypyitaw  State   Academy      မှ   ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/  တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ ဆရာ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။                               

သတင်းစဉ်