
နွားထိုးကြီး နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ပဲချက်(အရှေ့) ကျေးရွာမှ ကိုသိန်းစိုးသည် နိုဝင်ဘာ ၅ ရက်က နေအိမ်တွင် သေနတ်သုံးချက်ပစ်ခံရပြီး သေဆုံးသွားကြောင်း ပဲချက် ရွာသားများထံမှ သိရသည်။
ကိုသိန်းစိုးမှာ သတင်းပေးသူ ဟုဆိုကာ အသတ်ခံရခြင်း ဖြစ်ပြီး မည်သည့်အဖွဲ့က သတ်ခြင်းကို မသိရသေးကြောင်း သိရသည်။
နွားထိုးကြီးတွင် သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံရသူ ၁၀ဦးထက်မနည်းရှိသော်လည်း ပြစ်မှုကျူးလွန်သူကို ယခုအထိတိုင် ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း နွားထိုးကြီး မြို့ခံများထံမှ သိရသည်။
နွားထိုးကြီးသား