
နွားထိုးကြီး ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်တွင် တစ်နှစ်နီးပါးကြာ ပိတ်ထားသော ကမ္ဘောဇဘဏ်ခွဲကို လာမည့်ဇန်နဝါရီ ၁၇ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ရန်စီစဉ်နေကြောင်း နွားထိုးကြီး ကမ္ဘောဇဘဏ်ခွဲထံမှ သိရသည်။
ဘဏ်ပြန်လည်ဖွင့်လှစ်ရေးအတွက် ယနေ့နံနက်ပိုင်းက ကမ္ဘောဇ ဘဏ် ဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ကြသည်။ ဘဏ်ပြန်လည်ဖွင့်လှစ်မည်ဆိုသော်လည်း ATM ငွေထုတ်စက်ဖြင့် ငွေထုတ်ရမရကို မူ မသိရသေးကြောင်း၊ ငွေမည်မျှထုတ်ပေးမည်ကိုလည်း မသိရသေးကြောင်း ဆိုသည်။
နွားထိုးကြီးမြို့တွင်တစ်ခုတည်းသော ပုဂ္ဂလိကဘဏ်ဖြစ်ပြီး နွားထိုး ကြီးမြို့နယ်အတွက် ပုဂ္ဂလိကဘဏ်များ တိုးမြှင့်ဖွင့်လှစ်ပေးရန်ကို လည်း မြို့ခံများက လိုလားမျှော်လင့်နေကြသည်။
၀၁၈