နာမည်ကျော် Metal Slug ဂိမ်းကို အခြေခံထားတဲ့ Metal Squad အန်းဒရွိုက်ဂိမ်း

 

 

Metal Slug ဂိမ်းကို မြန်မာနိုင်ငံမှာ ရမ်ဘိုဂိမ်းလို့ လူသိများကြပြီး အရင်တုန်းက ဂိမ်းဆိုင်တွေမှာ PS2 ဂိမ်းစက်တွေနဲ့ ကစားရတဲ့ဂိမ်းဖြစ် ပါတယ်။ နှစ်ယောက်တစ်ပြိုင်တည်း ကစားနိုင်တဲ့ဂိမ်း ဖြစ်ပါတယ်။ Metal Squad ကတော့ Metal Slug ဂိမ်းရဲ့ ပုံစံကိုပဲ အခြေခံပြီး ဒီဇိုင်း အပြောင်းအလဲတွေနဲ့ထုတ်ထားတဲ့ဂိမ်းဖြစ်သလို နှစ်ယောက်ကစားတဲ့ အစား မိုဘိုင်းဖုန်းချင်း ကွန်ရက်ချိတ်ပြီး လေး‌ယောက်အထိ တစ်ပြိုင်တည်း  ကစားနိုင်တဲ့ဂိမ်းဖြစ်ပါတယ်။ 
ဂိမ်းအမျိုးအစားက Third person shooter အမျိုးအစား အပစ်အခတ် အက်ရှင်ဂိမ်းဖြစ်ပြီး   ဂိမ်းကစားသူဟာ  ဇာတ်ကောင်ကို  ရွေးချယ်ပြီး ပေးထားတဲ့ မစ်ရှင်တွေကို တစ်ခန်းပြီးတစ်ခန်း ကစားသွားရမှာဖြစ်ပါ တယ်။ Metal Slug ဂိမ်းလိုပဲ သေနတ်မျိုးစုံ၊ ယာဉ်မျိုးစုံနဲ့ ဗုံးတွေကို သုံးပြီး ရန်သူအမျိုးအစားမျိုးစုံနဲ့ Boss တွေကို တိုက်ခိုက်ရမှာဖြစ်ပါတယ်။ Metal Squad ရဲ့ ဂရပ်ဖစ်ပိုင်းဟာ Metal Slug လိုပဲ ကာတွန်းဆန်ဆန် ဖန်တီးထားပေမယ့် အရည်အသွေးပိုကောင်းပါတယ်။ ဂိမ်းမှာ အခန်း (level)ပေါင်း ၆၀ အထိပါဝင်ပြီး အစပိုင်း လွယ်တဲ့အခန်းတွေမှာ ဖုန်းနဲ့  ကစားရတာ အဆင်ပြေပေမယ့်  ခက်လာတဲ့အခန်းတွေမှာတော့ PS2 ဂိမ်းခလုတ်လိုမဟုတ်ဘဲ ဖုန်းမျက်နှာပြင်မှာ ခလုတ်တွေနှိပ်ရတာ အခက် အခဲရှိပါတယ်။ ဒီဂိမ်းကို Metal Squad ABI Global လို့ ပလေးစတိုးမှာ ရှာဒေါင်းနိုင်ပြီး ဂိမ်းဖိုင်ဆိုက်က 129MB ရှိပါတယ်။        ကျော်ဇင်ဦး