
ကိုလံဘို နိုဝင်ဘာ ၁၆
နားမကြားသူများအတွက် အပေါ့ စား ယာဉ်မောင်းလိုင်စင်ရှေ့ပြေးလုပ်ငန်းစီမံချက်ကို သီရိလင်္ကာ အစိုးရက နိုဝင်ဘာ ၁၆ ရက်တွင် စတင်ခဲ့ကြောင်း ဆင်ဟွာသတင်း တစ်ရပ်၏ ဖော်ပြချက်အရ သိရ သည်။
အဆိုပါ ရှေ့ပြေးလုပ်ငန်း စီမံချက်ကို သီရိလင်္ကာနိုင်ငံ၏ ဒုတိယလူဦးရေ အထူထပ်ဆုံး ခရိုင်ဖြစ်သည့် ဂမ်ပါဟာခရိုင်၌ စတင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သီရိ လင်္ကာနိုင်ငံ နားမကြားသူများဗဟို အဖွဲ့ချုပ်၏ တောင်းဆိုမှုကို သီရိ လင်္ကာအစိုးရအဖွဲ့ဝင်များက မကြာ သေးမီအချိန်တွင် အတည်ပြုပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှေ့ပြေးလုပ်ငန်း စီမံချက် အောင်မြင်မှုအပေါ် မူတည်ပြီး သီရိလင်္ကာနိုင်ငံ နားမကြား သူများဗဟိုအဖွဲ့ချုပ်မှ အဖွဲ့ဝင် ၃၀၀၀၀၀ ခန့်အား အပေါ့စား ယာဉ်များအတွက် ယာဉ်မောင်း လိုင်စင်များကို ထုတ်ပေးသွားမည် ဟု သိရသည်။
ဆင်ဟွာ