နာဂရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ဆွမ္မရာမြို့၌ ကျင်းပ

 

ဆွမ္မရာ    ဇန်နဝါရီ    ၁၅

 


နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့ နယ်များတွင်   နှစ်စဉ်   ဇန်နဝါရီ ၁၅ ရက်နေ့ရောက်တိုင်း အလှည့် ကျ နိုင်ငံတော်အဆင့် စည်ကား သိုက်မြိုက်စွာ ကျင်းပမြဲဖြစ်သော် လည်း ယခု  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့်    နိုင်ငံတော် အဆင့်  မကျင်းပဖြစ်သော်လည်း   မိမိမြို့နယ်များတွင်သာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ကို အကျဉ်းချုံးသာ ကျင်းပလျက် ရှိရာ   ဆွမ္မရာမြို့တွင်   ယနေ့ နံနက်က    နာဂရိုးရာနှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ် ကျင်းပ လျက်ရှိကြောင်း သိရသည်။

 


ရှေးဦးစွာ     ဆွမ္မရာမြို့ရိုးရာ စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ  ဦးရွေပေါ့က နှစ်သစ်ကူး နှုတ်ခွန်း ဆက်စကား ပြောကြား သည်။ ဆက်လက်၍ ရိုးရာသူကြီး   ဦးနိုင်လောက သူကြီးနှင့်စပ်လျဉ်း သော ထုံးတမ်းစဉ်လာများအား ပြောကြားသည်။   ယင်းနောက် သက်ကြီး ဦးဆနွမ်းက နာဂရိုးရာ အလှူကြီး အဆင့်ဆင့်ပြုလုပ်ခဲ့ပုံ   ဓလေ့များကို ရှင်းလင်းပြောကြား ပြီး   မြို့မိမြို့ဖ    ဦးမတ်ဆိုင်းက နာဂရိုးရာ နှစ်သစ်ကူးပွဲတော်စတင် ကျင်းပလာပုံ     သမိုင်းအကျဉ်းကို ရှင်းလင်းပြောကြားသည်။   ထို့ နောက်  ဆွမ္မရာမြို့  ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူး   ဦးဖီလောက နှစ်သစ်ကူး အမှာစကားပြောကြား သည်။

 


ဆက်လက်၍ နာဂရိုးရာအမျိုး သားနှင့် အမျိုးသမီးအကဖြင့် လည်းကောင်း၊ ရိုးရာဂျင်ကစား ခြင်း စသည့်ရိုးရာအားကစားများ နှင့် ရိုးရာတေးသီချင်းကြီးများဖြင့် လည်းကောင်း     သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။


စနေမောင်မောင်(ဆွမ္မရာ)