
လေရှီး ဇန်နဝါရီ ၁၁
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး မြို့နယ်တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၁၅ ရက်တွင် မြို့နယ်ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
လေရှီးမြို့တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန် မှု၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်အဖွဲ့ ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် လေရှီးမြို့နယ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဆပ်ကော်မတီဝင်များ၊ မြို့နယ်နာဂရိုးရာ စာပေ နှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ စုပေါင်းအင်အားဖြင့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ မြို့မုခ်ဦးအဝင်မှစ၍ ပွဲတော်ကျင်းပ မည့်ကွင်းအထိ MSME အသေးစားဒေသထွက် ကော်ဖီနှင့် လက်ဖက်၊ ဝိုင်အရောင်းပြခန်းများ၊ ရိုးရာရက်ကန်းရက်လုပ်ခြင်းပြခန်းများ၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်း များ၊ အားကစားပြိုင်ပွဲများ၊ ရိုးရာယဉ်ကျေးမှုပြခန်းများ၊ အကများ၊ ရိုးရာဝတ်စားဆင်ယင်မှုပြသခြင်းများ စသည်ဖြင့် ရိုးရာနှစ်သစ်ကူး ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပွဲတော်ကျင်းပရေး ကော်မတီနာယက ဦးရှီးသီးထံမှ သိရ သည်။ အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လေရှီး(ပြန်/ဆက်)