
လဟယ် ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်ဆီဂျင်စက်ရုံ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသဖြင့် ယနေ့နံနက် ၈ နာရီက အောက်ဆီဂျင် စက်ရုံဖွင့်ပွဲ ကျင်းပသည်။
ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အမှာစကားပြောကြားပြီး နာဂဒေသစီမံ ဥက္ကဋ္ဌနှင့် ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင် များ၊ခန္တီးခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နန်းမြတ်မြတ်မွှေး တို့က အောက်ဆီဂျင်စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် အောက်ဆီဂျင်စက်ရုံနှင့်ပတ်သက်သော စာရွက်စာတမ်းများ ကို နာဂဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ခန္တီးခရိုင် ဆေးရုံအုပ်ကြီးထံ ပေးအပ်သည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံကို စစ်ကိုင်းတိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၂ ရက်တွင် စတင်တည်ဆောက်ပြီး လိုအပ်သော အလျား ပေ ၃၀၊ အနံ ပေ ၂၀၊ အမြင့် ၁၂ ပေတို့ကို ဒေသခံ အလှူရှင်များ၏ ထည့်ဝင်ငွေကျပ်သိန်း ၈၀ ကျော်ဖြင့် တည်ဆောက် ကာ ၎င်းအောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် လီတာ ၁၀၀၀ ထုတ်လုပ် နိုင်မည်ဖြစ်သည်။
ယွန်း(မုံရွာ၊ကိုယ်ပွား)