နာဂဒေသ မြို့နယ် သုံးခုတွင် ဝက်ရူးပြန်ရောဂါရှိသူ၊ စိတ်မနှံ့သူ၊ မျက်လုံးတစ်ဖက်မရှိသူများကိုပါ စစ်မှုထမ်းခိုင်းရန် စာရင်းကောက်ယူနေကြောင်း ကောလာဟလသတင်းများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   မတ်   ၂၃
စစ်ကိုင်းတိုင်းဒေသကြီး     နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖြစ်သည့်      နန်းယွန်းမြို့နယ်၊ လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ် တို့တွင်      ဝက်ရူးပြန်ရောဂါရှိသူ၊ စိတ်မနှံ့သူ၊    မျက်လုံးတစ်ဖက် မရှိသူများကိုပါ     စစ်မှုထမ်းခိုင်း ရန်   စာရင်းကောက်ယူလျက်ရှိ ကြောင်း ကောလာဟလသတင်း များကို   တရားမဝင်    ပြည်ဖျက် မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
အဆိုပါသတင်းသည် မှန်ကန် မှု   မရှိကြောင်းနှင့်   သက်ဆိုင်ရာ ပြည်သူ့စစ်မှုထမ်း  ဆင့်ခေါ်ရေး အဖွဲ့မှ တာဝန်ရှိသူများ၏ လုပ်ငန်း တာဝန်ထမ်းဆောင်နေမှုများကို ပြည်သူများ အထင်အမြင်လွဲမှား စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဝါဒဖြန့်ဝေနေခြင်းဖြစ်ပြီး ပြည်သူ့ စစ်မှုထမ်းဥပဒေ၏    အခန်း(၆) တွင်         ပြည်သူ့စစ်မှုထမ်းခြင်း မှ     ကင်းလွတ်ခွင့်ပြုခြင်းတွင် ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်း မသန်စွမ်းသူများနှင့် တပ်မတော် ဆေးစစ်ဆေးရေး    ဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူဖြစ်ကြောင်း သတ် မှတ်ထားသူများ စသည့်အချက် များ ပါဝင်လျက်ရှိသည်။ 
ထို့ကြောင့် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ တရားမဝင် ပြည်ဖျက်       မီဒီယာများသည် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသား ကာ     ပြည်သူများ    ကြောက်ရွံ့ ထိတ်လန့်စေရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအပေါ်      အထင် အမြင်လွဲမှားစေရန် လူမှုကွန်ရက် ပေါ်တွင် လုပ်ကြံရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း   သတင်း ရရှိသည်။                  
   သတင်းစဉ်