နာဂါဆာကီမြို့၌ ဂျီ - ၇ ကျန်းမာရေးဝန်ကြီးများအစည်းအဝေး စတင်

 

နာဂါဆာကီ   မေ   ၁၃


ဂျပန်နိုင်ငံ    အနောက်တောင်ပိုင်း၌      ဂျီ- ၇ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို စတင် လိုက်ကြောင်း သိရသည်။

 

အဆိုပါ အစည်းအဝေးတွင် ကိုဗစ်- ၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် အနာဂတ် တွင် ဖြစ်ပေါ်လာနိုင်သော အရေးပေါ်အခြေအနေများ ကို     တုံ့ပြန်ဆောင်ရွက်ရန်    ကျန်းမာရေးစနစ်များ အားကောင်းခိုင်မာစေရေးကို ထည့်သွင်းဆွေးနွေး သွားမည်ဖြစ်သည်။ 

 


ဂျပန်နိုင်ငံ နာဂါဆာကီမြို့၌ နှစ်ရက်ကြာပြုလုပ် မည့် ယင်းအစည်းအဝေးကို ဂျပန်ကျန်းမာရေးဝန်ကြီး ကာတိုကာဆူနိုဘူက သဘာပတိအဖြစ် ဆောင်ရွက် သွားမည်ဖြစ်သည်။  သုံးနှစ်ကျော်ကြာပြီးနောက် ကိုဗစ်- ၁၉ ကပ်ရောဂါဖြစ်ပွားမှုမှာ ကမ္ဘာတစ်ဝန်း ကျဆင်းလာနေကြောင်း မေ ၁၃ ရက်က  ၎င်း၏ အဖွင့်မှတ်ချက်စကားတွင် ပြောကြားခဲ့သည်။ 

 


ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကာလ တွင်လည်း ဆေးဘက်ဆိုင်ရာစနစ်များနှင့် ဆေးဝါး ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပံ့ပိုးကူညီမှုအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နိုင်ငံနှင့် ဒေသ များတွင်  လျင်လျင်မြန်မြန်  ပူးပေါင်းဆောင်ရွက်မှုကို မြင်တွေ့ခဲ့ရကြောင်းနှင့်  သာမန်အချိန်များအတွင်း ကျန်းမာရေးစနစ်များ   အားကောင်းခိုင်မာအောင် တည်ဆောက်ခြင်းက အရေးပေါ်ကျန်းမာရေး အခြေ အနေကို   တုံ့ပြန်ရန်   အထောက်အကူပြုကြောင်း ၎င်းကမှတ်ချက်ပြုပြောသည်။ 

 


ဂျီ- ၇ ဝန်ကြီးများသည် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများအတွက်       ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးတို့ တွင်  အားကောင်းခိုင်မာစေရန် လက်ရှိဦးတည်ချက် များနှင့် လုပ်ဆောင်ချက်များကို ဆွေးနွေးသွားမည် ဟု ဆိုသည်။                            

အင်န်အိတ်ချ်ကေ