နာဆာက ပထမဆုံး ဂြိုဟ်ကာကွယ်ရေးစမ်းသပ်မှု ဗီဒီယိုဖိုင်ကို ထုတ်ပြန်

 

ဝါရှင်တန်ဒီစီ   စက်တင်ဘာ   ၂၉ 


အမေရိကန်အာကာသအေဂျင်စီ နာဆာက ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် အခြားကောင်းကင်ဂြိုဟ်များ ကမ္ဘာနှင့် မတိုက်မိအောင် ကာကွယ်ရန်  ဒီဇိုင်းရေးဆွဲထားသည့် ၎င်း၏ ပထမဆုံးဂြိုဟ်ကာကွယ်ရေး စမ်းသပ်မှုအပြီးတွင် ဗီဒီယိုဖိုင်ကို ထုတ်ပြန်လိုက်သည်။ 

 


နာဆာက တနင်္လာနေ့တွင်  အလေးချိန် ၅၇၀ ကီလိုဂရမ်ရှိသည့်   အာကာသယာဉ်တစ်စင်းဖြင့် ကမ္ဘာမှ ကီလိုမီတာ ၁၁ သန်းအကွာတွင်တည်ရှိသော အချင်း ၁၆၀ မီတာခန့်ရှိသည့်    ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုဖြစ်သည့် Dimorphos ကို အရှိန်ဖြင့် ဝင်တိုက် ခဲ့သည်။ 

 


အဆိုပါ စမ်းသပ်မှု၏ ရည်ရွယ်ချက်မှာ ဂြိုဟ်သိမ် ဂြိုဟ်မွှား၏ပတ်လမ်းကြောင်းကို ပြောင်းလဲစေခြင်း ရှိ၊ မရှိ ကြည့်ရှုရန် ဖြစ်သည်။ 

 


အဆိုပါ     ဗီဒီယိုဖိုင်ကို          အာကာသယာဉ်မှ အရှိန်ဖြင့်       ကြိုတင်လွှတ်တင်ခဲ့သည့်ယာဉ်ဖြင့်    တိုက်မိပြီး   မိနစ်အနည်းငယ်အကြာတွင်   ရိုက်ယူ ခဲ့ခြင်းဖြစ်သည်။ 

 


အဆိုပါ    ဗီဒီယိုဖိုင်က    ဂြိုဟ်သိမ်ဂြိုဟ်မွှားမှ လွှင့်ထွက်လာသည်ဟု   ယူဆရသည့် အရာဝတ္ထုများ ဖြန့်ကြက်ဖြာထွက်လာပုံကို ပြသသည်။   တခြား ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုကိုလည်း  အနီးတွင် တွေ့ မြင်နိုင်သည်။ 

 


ဟာဝိုင်ယီတက္ကသိုလ်မှ     အဖွဲ့တစ်ဖွဲ့ကလည်း မြေပြင်အခြေစိုက် တယ်လီစကုပ်မှ ဖမ်းယူရရှိထား သော ဂြိုဟ်သိမ်ဂြိုဟ်မွှားကို ဝင်ရောက်မတိုက်မီနှင့် တိုက်ပြီးပုံရိပ်များကို  ထုတ်ပြန်ဖော်ပြထားသည်။

 


ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့်   တခြားဂြိုဟ်များ ကမ္ဘာကြီးကို     ဝင်တိုက်မည့်    ခြိမ်းခြောက်မှုမှ ကာကွယ်ရန်အတွက်   နည်းပညာတိုးတက်ရန် နာဆာက အဆိုပါစမ်းသပ်မှုမှ   အချက်အလက် များကို ခွဲခြမ်းစိတ်ဖြာလျက်ရှိသည်။ 


အင်န်အိတ်ချ်ကေ