
လော့အိန်ဂျလိစ် မေ ၇
နာဆာအာကာသယာဉ်မှူးသုံးဦးပါသည့် SpaceX အာကာသယာဉ်သည် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ကမ်းလွန်ပင်လယ်ပြင် မက္ကဆီကို ပင်လယ်ကွေ့သို့ မေ ၆ ရက်အစောပိုင်းက လုံခြုံ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း နာဆာက ပြောကြားသည်။
နာဆာမှ အာကာသယာဉ်မှူး ကေလာ ဘာရွန်၊ ရာဂျာ ချာရီ၊ တွန် မာ့ချ်ဘန်းနှင့် ဥရောပအာကာသ အေဂျင်စီမှ အာကာသယာဉ်မှူး မက်သီးယက်စ် မော်ရာတို့ ပါဝင်သော နိုင်ငံတကာအာကာသ အမှုထမ်းများသည် ပတ်လမ်းထဲတွင် ၁၇၇ ရက်ကြာ ဖြတ်သန်းပြီးနောက် ကမ္ဘာမြေပေါ်သို့ လေထီး အကူအညီဖြင့် ပြန်လည်ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
နာဆာအာကာသယာဉ်မှူး သုံးဦး ပါဝင်သည့် အာကာသယာဉ်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၀ ရက်တွင် ဖယ်လ်ကွန် ၉ ဒုံးပျံဖြင့် ဖလော်ရီဒါရှိ နာဆာ၏ ကနေဒီအာကာသစင်တာမှ လွှတ်တင် ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အာကာသယာဉ်မှူး သုံးဦးသည် သိပ္ပံနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ လှုပ်ရှားမှုများနှင့် နည်းပညာဆိုင်ရာ သရုပ်ပြမှုများ ကို လုပ်ဆောင်ခဲ့ကြောင်း နာဆာက ပြောကြား သည်။
ဆင်ဟွာ