မယ်နှမရဲ့ စစ်သည်တော် (အိုင်ချင်း)

 

မယ်နှမရဲ့ စစ်သည်တော်
(အိုင်ချင်း)

 

p    ချစ်တဲ့သူငယ်လေ
    ငယ်ကပေါင်းသည့် ယောက်မတို့လေ။
p    သည်ဆောင်း ဟေမန္တာ တုန်ကာသာအေးလို့
    ခြုံလွှာလေးနဲ့ ဝေးရော့မယ်။ 
    ခရီးကြမ်းနဲ့ တောတန်းမြေမှာ သူ့ဝန်တာ 
    ဘယ်ခါထွေးလို့ နွေးပါ့မယ်။ 
p    နိုင်ငံ့အရေး မျှော်ကာတွေးလို့
    ရန်ဘေးကိုရှင်း တောကိုနင်း
    စစ်ခင်းကာသာ နေရတယ်။ 
    မျှော်လို့မျှော်ရ မယ်နှမရဲ့ စစ်သည်တော်
    ဓားလှံကိုင်စွဲ မယိုင်လဲတဲ့ စစ်ပွဲပျော်ကို
    ဘယ်လိုခေါ်လို့ ကြားပါ့မယ်။ 
p    သက်စွန့်ဆံဖျား ပြိုင်စံရှားတဲ့ လူစွန့်စားကို
    ချစ်အားပိုသူ   သည်အပူ   ဘယ်သူလာလို့ တားပါ့မယ်။ 
    အလိုလေ့ အိုင်
    နယ်ခြားရန်မူ ကျူးကျော်သူကို
    ကျူပင်ကိုခုတ် ကျူငုတ်မကျန်
    တွန်းလှန်နိုင်ရေး အစဉ်တွေးလို့
    စစ်ရေးမှာပျော် စစ်သည်တော်ကို
    ရည်မျှော်ကာမှန်း လွမ်းတယ်လေး ။      ။


မြရည်နန္ဒာ