မြဝတီမြို့၌  မြို့နယ်ပညာရေးမှူးဖလားအခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

မြဝတီ  အောက်တိုဘာ   ၃
မြဝတီမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်  မြို့နယ်ပညာရေးမှူး ဖလား    အခြေခံပညာကျောင်း ပေါင်းစုံဘောလုံးပြိုင်ပွဲ  ကွင်းဖွင့်ပွဲ ကို  အောက်တိုဘာ  ၁   ရက်က အခြေခံပညာ      အထက်တန်း ကျောင်း(ရွှေကုက္ကိုလ်မြိုင်) ၌ ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦး၊     ရွှေကုက္ကိုလ်မြိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်း ရွှေနှင့် တာဝန်ရှိသူများက  ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင်    မြို့နယ် ပညာရေးမှူး ဦးမြင့်ဦးက  ၂၀၂၃-၂၀၂၄  ပညာသင်နှစ်    မြို့နယ် ပညာရေးမှူးဖလား အသက် ၁၈ နှစ်အောက်    ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ    ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ ကို  ရှင်းလင်းပြောကြားသည်။
ထို့နောက်       ပြိုင်ပွဲဝင် အသက် ၁၃ နှစ်၊ ၁၆ နှစ်နှင့် ၁၈ နှစ်အောက် ဘောလုံးအားကစား သမားများ၊ အသင်းလိုက် အုပ်ချုပ် သူများက    ကွင်းအတွင်း    နေရာ ယူပြီးနောက်   ပြိုင်ပွဲကို    ကျင်းပ သည်။
ထိုသို့ အခြေခံပညာကျောင်း ပေါင်းစုံ   ဘောလုံးပြိုင်ပွဲကျင်းပပေးခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများ    အချင်းချင်း    ချစ်ကြည်ရင်းနှီးမှုရရှိပြီး အသင်း လိုက်  စုပေါင်းဆောင်ရွက်တတ် သော   အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စနစ်သစ်ပညာရေး တွင်   ဘက်စုံထူးချွန်ထက်မြက် နေစေရန်    စသည့်ရည်ရွယ်ချက် များဖြင့်     ကျင်းပပေးခြင်းဖြစ် ကြောင်း သိရသည်။  
ဇာဖြူဝင်း
(ပြန်/ဆက်)