မြဝတီမြို့ အ.ထ.က(၁)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မြဝတီ     ဇူလိုင်   ၁၇
ကရင်ပြည်နယ်  မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်း၍  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဇူလိုင် ၁၆ ရက်က မြဝတီမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌  ကျင်းပသည်။
အခမ်းအနားတွင်   ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရန်  မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည် များစွာအရေးပါကြောင်း၊ ငယ်ရွယ်စဉ်မှစ၍   ဘဝရည်မှန်းချက်များ   ထားရှိရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်လူငယ်စကားဝိုင်း ဆွေးနွေးပွဲစတင်ခဲ့ရာ ဒေါ်ကြည်ကြည် ဖြိုးကျော်က ဦးဆောင်၍    Grade-10    ကျောင်းသား ကျောင်းသူများ က    လူငယ်နှင့်     စာပေတန်ဖိုး၊  လူငယ်နှင့်    မူးယစ်ဆေးဝါးအန္တရာယ်တို့ ကာကွယ်၊   လူငယ်နှင့်  အားကစားကဏ္ဍမြှင့်တင်စို့   ခေါင်းစဉ်တို့ဖြင့်     ဆွေးနွေးခဲ့ကြပြီး  ကျောင်းသား ကျောင်းသူများက ခေါင်းစဉ်အလိုက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။                                                        
ဇာဖြူဝင်း(မြဝတီ)