
မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် ၈-၁-၂၀၂၃ မှ ၉-၁-၂၀၂၃ အထိ CMP၊ လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ တင်ပို့မှု များရှိပြီး လယ်ယာထွက်ကုန်ပစ္စည်းများဖြစ် သော ရှမ်းနှမ်းစေ့၊ သစ်ကြံပိုးခေါက်၊ ချင်း ခြောက်၊ ငရုတ်၊ ဆန်မှုန့်၊ ကြက်သွန်နီ၊ ဂေါ်ဖီ ထုပ်၊ မန်ကျည်းသီး၊ နနွင်း၊ ကော်ဖီစေ့၊ သီဟိုဠ် စေ့၊ ဆန်ကွဲ၊ မြေပဲတို့ကို တင်ပို့လျက်ရှိသည်။ ရေထွက်ကုန်ပစ္စည်းများမှ ငါးပါးနီ၊ ကျောက်ငါး၊ ငါးတီး၊ ငါးမြွေထိုး၊ ငါးပြေမ၊ ကကူယံ၊ ငါးစီလုံး၊ ငါးသလောက်၊ ငါးဓားလွယ်၊ ငမုတ်၊ ကဏန်း၊ ငါးခွေးလျာ၊ ပုစွန်တို့ တင်ပို့လျက်ရှိသည်။ CMP တင်ပို့မှုမှ အမျိုးသမီးဝတ်ဂျာကင်/ ကုတ် အင်္ကျီ၊ အမျိုးသားဝတ်ဂျာကင်၊ ဘောင်းဘီတို တို့ကို တင်ပို့လျက်ရှိသည်။
ပိုမိုတင်ပို့နိုင်ခဲ့
အများဆုံးပို့ကုန်ပစ္စည်းအနေဖြင့် CMP၊ ငရုတ်၊ ရေထွက်၊ ဆန်မှုန့်၊ မြေပဲ၊ ကြက်သွန်နီ၊ ကော်ဖီစေ့၊ ဆန်ကွဲ၊ ငါးပိတို့ ဖြစ်သည်။ ကိုဗစ်အလွန်ကာလတွင် ထိုင်းနိုင်ငံသို့ ခရီး သွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများတွင် ကျယ်ပြန့် စွာအသုံးပြုလာခြင်း၊ ဟင်းလျာများတွင် ထည့် သွင်းချက်ပြုတ်စားသောက်ခြင်း၊ စားသောက် ကုန်လုပ်ငန်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန်လိုအပ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပို့ကုန်ပစ္စည်းများဖြစ်သည့် ဆန်မှုန့်၊ ငရုတ် တို့ကို ထိုင်းနိုင်ငံမှ ဝယ်လိုအားမြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရှိ ရသည်။
လမ်းခရီးပြန်လည်ကောင်းမွန်လာ
သွင်းကုန်တင်သွင်းမှုအနေဖြင့် အဝတ် အထည်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ၊ ဖိနပ် များ၊ အသင့်ချုပ်ပြီး အဝတ်အထည်များ၊ သစ်သီး၊ အိမ်သုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်များ၊ တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ စာရေးကိရိယာ၊ ဆိုင်ကယ် အပိုပစ္စည်း၊ ကားအပိုပစ္စည်း၊ စက်ဆီချောဆီ၊ သုတ်ဆေး၊ လျှပ်စစ်ပစ္စည်းများ တင်သွင်းလျက်ရှိသည်။ ၅-၁-၂၀၂၃ ရက်မှစ၍ သွင်းကုန်ယာဉ်များ အနေဖြင့် လမ်းခရီးပြန်လည်ကောင်းမွန်လာပြီ ဖြစ်၍ ပုံမှန်အတိုင်း သွားလာလျက်ရှိသည်။
သွင်းကုန်တင်သွင်းသည့် ကုန်သည်များ အနေဖြင့် ယခုလဆန်းပိုင်းတွင် ဘတ်ဈေးသည် တစ်ဘတ်လျှင် ၇၉ ဒသမ ၃၆ ကျပ်အထိရှိခဲ့ပြီး ယခုဒုတိယပတ်ကာလအတွင်း တစ်ဘတ်လျှင် ၈၂ ဒသမ ၆၄ ကျပ် ခန့်အထိ ဘတ်ဈေး အနည်းငယ်ပြန်တက်လာသောကြောင့် ဘတ် ဈေးအတက် အကျ မတည်ငြိမ်ခြင်းကြောင့် သွင်းကုန်တင်သွင်းမှု အနည်းငယ်လျော့နည်းမှု ရှိကြောင်း သတင်းရရှိသည်။