မြဝတီကုန်သွယ်ရေးဇုန်မှ ကြက်သွန်နီ၊ ငရုတ်နှင့် ချုပ်ပြီးအထည်များ တင်ပို့

 

မြဝတီကုန်သွယ်ရေးဇုန်မှ     ထိုင်းနိုင်ငံသို့  တင်ပို့နေသည့် ပို့ကုန်ပစ္စည်းများမှာ မတ် ၄ ရက်တွင် ကြက်သွန်နီ  ၁၂၆၂ ဒသမ ၁၆၀ တန်၊   ငရုတ်(အခြောက်)    ၂၀၄ ဒသမ ၉၆၄ တန်၊ ချုပ်ပြီးအဝတ်အထည် (CMP) ၂၄၁၄၄ တန်၊ ပီလောပီနံ(အခြောက်) ၇၀၂ တန်၊ ငရုတ်(အစို) ၉၁ ဒသမ ၁၅ တန်နှင့် ပလတ်စတစ်ဖြတ်စ ၁၇ တန်တို့ ဖြစ်သည်။


မတ်  ၄  ရက်တွင်   အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ     ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ ပလတ်စတစ်ကုန်ကြမ်း များ၊ ပရိဘောဂပစ္စည်းများ၊ စက်မှုကုန်ကြမ်း ပစ္စည်းများ၊ ဘက်ထရီပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်း များ၊  အခြားစက္ကူများ၊   လျှပ်စစ်ပစ္စည်းများ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့်    တပ်ဆင်ရေး ပစ္စည်းများဖြစ်ကြောင်း သိရသည်။               


 DOT (မြဝတီ)