
မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၈ ရက်အထိ အမှန်ဆောင်ရွက်နိုင်မှု မှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၅၂ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၇၆၈ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄၅ ဒသမ ၂၂၀ သန်း ဆောင်ရွက် နိုင်ခဲ့သည်။
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု များ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၈ ရက်တွင် အဓိက တင်ပို့ခဲ့သော ပို့ကုန်ပစ္စည်းများမှာ လယ်ယာထွက် ကုန်ပစ္စည်းများ ဖြစ်သည့် မြေပဲဆန်၊ ကြက်သွန်နီ၊ ငရုတ်ခြောက်နှင့် ငရုတ်အစိုတို့ ဖြစ်ပြီး မြေပဲဆန် ၃၁ ဒသမ ၅ တန်၊ ကြက်သွန်နီ ၄၈၁ ဒသမ ၅၅၅ တန်၊ ငရုတ်သီးစိမ်းအစို ၇၉ ဒသမ ၇ တန်နှင့် ငရုတ်ခြောက် ၇၁ ဒသမ ၇၈ တန်တို့ဖြစ်သည်။
အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလတ် စတစ်ကုန်ကြမ်းများ၊ မော်တော် ဆိုင်ကယ်အပိုပစ္စည်းများ၊ ကား အပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ဆပ်ပြာများ၊ စားသောက်ကုန်ပစ္စည်း၊ စက်အပို ပစ္စည်းများနှင့် ဆိုင်ကယ်အပို ပစ္စည်းတို့ဖြစ်သည်။
ပုပ်သိုး ပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့်ငရုတ်တို့ကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်း စစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
DOT (မြဝတီ)