
ရန်ကုန် ဒီဇင်ဘာ ၃၀
မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ကာလအတွင်း ပို့ကုန်ကန်ဒေါ်လာ ၁ ဒသမ ၉၇၆ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၇ ဒသမ ၀၀၉ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၈ ဒသမ ၉၈၅ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။
မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကုန်တင်ပို့ မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ် သော ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီနှင့် CMP ပစ္စည်း များတင်ပို့ခဲ့ပြီး အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီနှင့် CMP ပစ္စည်း များဖြစ်ကြောင်း သိရသည်။
ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့်ငရုတ်များကို လွယ်ကူလျင်မြန် စွာတင်ပို့နိုင်ရေး ကုန်ပစ္စည်းစစ်ဆေးမှုကို ဦးစားပေးဆောင်ရွက်လျက် ရှိပြီး ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်ပစ္စည်းများ တွင်ကျယ်လာမှုနှင့် အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ကြောင့် ဒီဇင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ မော်တော်ဆိုင်ကယ် အပို ပစ္စည်းများ၊ ပုံနှိပ်စက္ကူများ၊ ဆပ်ပြာ၊ သံနှင့်သံမဏိပစ္စည်းများ၊ ဘက်ထရီ အခြောက်များ၊ ချည်ထည်များ၊ တာယာနှင့်ကျွတ်များ၊ စက်နှင့်စက်ပစ္စည်း များ ပါဝင်ကြောင်း သိရသည်။
ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက် အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများမှာ ငရုတ် (ခြောက်)၊ ကြက်သွန်နီ၊ ငရုတ်သီး (စိမ်း)(အစို)၊ ဂေါ်ဖီထုပ်နှင့် သခွားမျိုးစေ့တို့ပါဝင်ကြောင်း သိရသည်။
MT