
မြဝတီ ဧပြီ ၃
မြဝတီနယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းမ ကြီးဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တွင် ခရီးသည်တင်ယာဉ်များ၊ အိမ်စီးမော်တော်ယာဉ် များနှင့် ကုန်တင်ယာဉ်များ ပုံမှန်အတိုင်းသွားလာ လျက်ရှိပြီး ကုန်စည်စီးဆင်းမှုအနေဖြင့် လည်း ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကားတွေကတော့ ပုံမှန်အတိုင်း သွားလာနေတာပါ။ ယခင် ရက်ပိုင်းကတော့ တံတားပြုပြင် တာတွေ ဆောင်ရွက်နေတဲ့အတွက် နာရီပိုင်းပိတ်ပြီး ပြန်ဖွင့်ပါတယ်။ တချို့သတင်းတွေ တက်နေသလို အခုထိ ပိတ်ထားတုန်း၊ ကုန်စည်စီးဆင်းမှုတွေ ရပ်နားထားရလို့ ကုန်ဈေးနှုန်းတွေလည်း တက်နေပြီ ဆိုတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ ကားတွေ ပစ်တာ၊ မီးရှို့တာတွေလုပ်တော့ ကုန်တင် ယာဉ်တွေက စိုးရိမ်မှုတော့ရှိတာပေါ့။ ဒါပေမယ့် ပုံမှန်အတိုင်းပဲ သွားလာနေပါတယ်” ဟု ကုန်တင် ယာဉ်မောင်းသူ တစ်ဦးက ပြောသည်။
အဆိုပါ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် KKO ခွဲထွက် အဖွဲ့နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများက ဧပြီ ၁ ရက် မတိုင်မီ ရက်ပိုင်းအတွင်းက အာရှ လမ်းမကြီးပေါ်တွင် သွားလာလျက် ရှိသည့် ကုန်တင်မော်တော်ယာဉ် များ၊ ခရီးသည်တင်ယာဉ်များနှင့် အိမ်စီး မော်တော်ယာဉ်များအား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ် ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ် ခဲ့သည့်အတွက် စိုးရိမ်လျက်ရှိကြ သော်လည်း ခရီးသည်တင်ယာဉ်များ၊ အိမ်စီးမော်တော်ယာဉ်များနှင့် ကုန် တင်ယာဉ်များ သတိဝီရိယဖြင့် ပုံမှန် အတိုင်း သွားလာလျက်ရှိသည်။
မြဝတီ- ကော့ကရိတ် အာရှ လမ်းမကြီးတွင် ခရီးသည်ယာဉ် များ၊ အိမ်စီးမော်တော်ယာဉ်များ နှင့် ကုန်တင်ယာဉ်များ ယခင်က အတိုင်း ပုံမှန်သွားလာလျက်ရှိ သည့်အတွက် မြဝတီနယ်စပ် ကုန်သွယ်ရေး၏ ကုန်စည်စီးဆင်းမှု အခြေအနေမှာလည်း ပုံမှန် အတိုင်း ကုန်စည်စီးဆင်းလျက်ရှိကြောင်း၊ မြဝတီဒေသတွင်းကုန်ဈေးနှုန်းမှာလည်း ပုံမှန်အတိုင်း ရှိနေကြောင်း သိရသည်။
ထိန်လင်းအောင်