မူးယစ်ဆေးဝါးပပျောက်ရေးကြိုးပမ်းမှု၏ စွမ်းဆောင်ရည်များ ကမ္ဘာတည်သရွေ့ သမိုင်းမှတ်တိုင်အဖြစ် တည်ရှိနေမည်

Type
1

 

(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဂုဏ်ပြုဆောင်းပါး
 

 

 မောင်သင်းပျံ့

 

(ယမန်နေ့မှအဆက်)

 


တရားဝင်ကုန်သွယ်မှု


မြန်မာနိုင်ငံတွင်   ကုမ္ပဏီများနှင့် ပြည်တွင်းလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ များက ဓာတုပစ္စည်းများကို အသုံးပြုရန် နှင့် ပြန်လည်ရောင်းချရန်    ပြည်ပမှ တင်သွင်းခွင့်ရရှိရေးကို ထောက်ခံပေး လျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း ကုမ္ပဏီ/လုပ်ငန်းရှင် စုစုပေါင်း ၆၉ ခုရှိပြီး အသုံး ပြုသည့်   ကုမ္ပဏီ/ လုပ်ငန်းရှင် ၅၁ ခု၊ တစ်ဆင့်        ပြန်လည်ရောင်းချသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်  ၁၂ ခု၊ ဌာနဆိုင်ရာ လျှောက်ထားမှု ငါးခု၊      ပြည်တွင်း ထုတ်လုပ်ပြီး    ကိုယ်တိုင်သုံးကုမ္ပဏီ  တစ်ခုဖြစ်သည်။ 
ထိန်းချုပ်ဓာတုပစ္စည်းများ   တရား မဝင်   ဝင်ရောက်ခြင်းမှ    ကာကွယ်ရန် အတွက်  လည်းကောင်း၊    တရားဝင် ကုန်သွယ်မှုများမှတစ်ဆင့်    လမ်းလွှဲ ရောက်ရှိခြင်းကို ကာကွယ်ရန်အတွက် လည်းကောင်း   ၂၀၂၁   ခုနှစ်အတွင်း ရှောင်တခင်/ ပုံမှန်စစ်ဆေးခြင်း  ၆၅၆ ကြိမ်၊    အသိပညာပေးဟောပြောခြင်း  ၅၅၆ ကြိမ်၊    ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးနှင့်   ပြည်နယ် ကျော် သယ်ဆောင်မှု  ၂၈၃ ကြိမ်တို့ကို ဆောင်ရွက်ခဲ့သည်။

 


ပြည်သူ့ဘဏ္ဍာသိမ်းဆည်းရရှိမှု


မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့်  မူးယစ်ဆေးဝါးအမှုဖြင့် အရေးယူခဲ့သည့်      တရားခံများထံမှ ငွေကြေးပစ္စည်းများကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းရရှိမှုမှာ ၂၀၂၀ ပြည့် နှစ်က အမှုပေါင်း ၂၀၂၂ မှု၊ တရားခံပေါင်း ၂၉၀၆   ဦးမှ    မြန်မာငွေကျပ် ၂၇၈၂ သန်းကျော်၊ ၂၀၂၁ ခုနှစ်က အမှုပေါင်း ၁၀၁၈ မှု၊    တရားခံပေါင်း ၁၇၁၁ ဦးထံမှ မြန်မာငွေကျပ် ၇၇၉ သန်းကျော်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ  အမှု ပေါင်း ၄၆၂ မှု၊ တရားခံပေါင်း ၈၂၂ ဦး ထံမှ မြန်မာငွေကျပ်  ၈၁၅ သန်းကျော် ဖြစ်သည်။

 


မူးယစ်ဆေးဝါးပြစ်မှုနှင့် ဆက်နွှယ် ပြီး ကျူးလွန်ရာမှရရှိသော အကျိုးအမြတ် များဖြင့်     ဝယ်ယူပိုင်ဆိုင်ထားသည့် ငွေကြေးနှင့် ရွှေ့ပြောင်းနိုင်/မရွှေ့ပြောင်း နိုင်ပစ္စည်းများအား   ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ    ဆက်လက် အရေးယူပြီး    ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည့်တန်ဖိုးမှာ ၂၀၂၀ ပြည့် နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် မြန်မာငွေကျပ် ၂၉၉၇ သန်းကျော်၊ အမေရိကန်ဒေါ်လာ ၅၀၀ ကျော်၊ စင်ကာပူဒေါ်လာ  ၂၂၅၀ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ အထိ မြန်မာငွေကျပ်  ၅၀၂၆    သန်းကျော်၊ အမေရိကန်ဒေါ်လာ ၄ ဒသမ  ၈ သိန်း ကျော်၊ စင်ကာပူဒေါ်လာ ၃၇၀ တို့ ဖြစ်ပါသည်။

 


မြန်မာနိုင်ငံ မူးယစ်ဆေးဝါး
ဆန့်ကျင်ရေးအသင်း၏ ဆောင်ရွက်မှု


မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင် ရေးအသင်း(Myanmar Anti-Narcotics Association - MANA)ကို အပြည်ပြည် ဆိုင်ရာ   မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ကို ဂုဏ်ပြုသောအားဖြင့် ၁၉၉၄ ခုနှစ် ဇွန် ၂၆ ရက်တွင်   စတင်ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန        အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှတ်ပုံတင်ဌာနက ၁၉၉၄ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင်  အသင်းအဖွဲ့   မှတ်ပုံတင်အမှတ် ၁၇၇၀ ဖြင့် ခွင့်ပြုခဲ့သည်။ 

 


အသင်း၏မျှော်မှန်းချက်မှာ “Myan-mar is A  Drug Free   Society  and Healthy  Nation”   ကျန်းမာကြံ့ခိုင်၍ မူးယစ်ကင်းစင်သော မြန်မာ့လူ့ဘောင် အဖွဲ့အစည်း     ဖြစ်ပေါ်လာစေရန် ဖြစ် သည်။ အသင်းအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်    ကြိုတင်ကာကွယ်ရေးကို အရှိန်အဟုန်ဖြင့်   ပူးပေါင်းဆောင်ရွက် ခဲ့သည်။ မူးယစ်ဆေးဝါး၏  ဝင်ပေါက် ဖြစ်သော ဆေးလိပ်နှင့် အရက်သောက် ခြင်းကို တားဆီးကာကွယ်ရေးအတွက် ပြည်သူလူထုအတွင်း ပညာပေးဟောပြော မှုလုပ်ငန်းများကိုလည်း  ဆောင်ရွက် ခဲ့သည်။ 

 


မြန်မာနိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း


မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း(Border Areas Development Association-BDA)သည် မူးယစ်ဆေးဝါး အန္တရာယ်ကို တိုက်ဖျက်ရာတွင် ပညာ ရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများဆိုင်ရာ  စီမံချက်များ ကို ထိရောက်စွာအသုံးပြု၍ ဆောင်ရွက် လျက်ရှိပြီး ပြည်သူလူထု၏ လူမှုစီးပွား ဘဝ   တိုးတက်ကောင်းမွန်မှုနှင့်အညီ မူးယစ်ဆေးဝါး    အန္တရာယ်သည်လည်း တစ်ချိန်တွင်     ချုပ်ငြိမ်းသွားမည်ဟု ယုံကြည်လုပ်ဆောင်လျက်ရှိသည်။

 


နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု


မြန်မာနိုင်ငံသည်   မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက်      ကုလသမဂ္ဂ မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းများ တွင် ပါဝင်လက်မှတ်ရေးထိုး၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး    နိုင်ငံတကာ မူးယစ်ဆေးဝါး      ထိန်းချုပ်ရေးအဖွဲ့ (INCB)၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(UNODC)၊ အစိုးရမဟုတ် သော  အဖွဲ့အစည်းများနှင့်   မူးယစ် ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ   ကိစ္စရပ် များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့်အပြင်      ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်   မှုခင်း ဆိုင်ရာရုံး (UNODC)၊   သြစတြေးလျ ပြည်ထောင်စုရဲအဖွဲ့ (AFP)၊ အမေရိကန် မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့ (DEA)၊   တရုတ်နိုင်ငံ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် (NNCC)၊ ထိုင်းနိုင်ငံ မူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) တို့ နှင့်လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

 


မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ  အာဆီယံအဖွဲ့ ဝင် နိုင်ငံများအတွင်း  မူးယစ်ဆေးဝါး ထိန်းချုပ်ရေး       အစည်းအဝေးများ ဖြစ်သော    မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်း အဝေး (AMMD)၊    အာဆီယံမူးယစ် ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (ASOD)၊ အာဆီယံ    လေကြောင်းကြားဖြတ် စစ်ဆေးရေး အထူးအဖွဲ့အစည်းအဝေး (AAITF)၊    အာဆီယံပင်လယ်ဆိပ်ကမ်း ကြားဖြတ်စစ်ဆေးရေး    အထူးအဖွဲ့ အစည်းအဝေး(ASITF)၊ အာဆီယံမူးယစ် ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှု  ကွန်ရက် အစည်းအဝေး (ADMN) တို့သို့   ပါဝင် တက်ရောက်၍   တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ 

 


အာဆီယံအဖွဲ့မှ      ချမှတ်ထားသော ဘေးကင်းလုံခြုံသော လူမှုအဖွဲ့ဖြစ်စေ ရေး    မူးယစ်ဆေးဝါးဆန့်ကျင်ရေး အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) (ASEAN Work Plan - 2016-2025)၊ ရွှေတြိဂံဒေသတွင်း တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်   သယ် ဆောင်ရောင်းဝယ်မှုများအား တိုက်ဖျက် ရေး အာဆီယံပူးပေါင်းဆောင်ရွက်ရေး စီမံချက် (၂၀၁၉-၂၀၂၂) (ASEAN  Co- operation Plan -2019-2022) တို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 


မူးယစ်ဆေးဝါးပြဿနာကို ခံစားနေ ရသောနိုင်ငံများ၏ အကူအညီများဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို ဆောင်ရွက်ရန်အတွက် မဲခေါင်သဘော တူညီချက်အား ပါဝင်လက်မှတ်ရေးထိုး ကာ မဲခေါင်ဒေသခွဲ ခြောက်နိုင်ငံအတွင်း မူးယစ်ဆေးဝါး  ထိန်းချုပ်ရေးလုပ်ငန်း များလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။ မဲခေါင် MoU အဖွဲ့ဝင်နိုင်ငံများမှ အလှည့်ကျ အိမ်ရှင်အဖြစ် ဝန်ကြီးအဆင့် အစည်းအဝေးကို နှစ်နှစ်လျှင် တစ်ကြိမ်၊ အဆင့်မြင့် အရာရှိကြီးများအဆင့်အစည်း အဝေးနှင့်  ဗဟိုတာဝန်ခံအစည်းအဝေး များကို တစ်နှစ်လျှင်  တစ်ကြိမ် လက်ခံ ကျင်းပလျက်ရှိပါသည်။ 

 


ဘင်းမ်စတက်     မူးယစ်ဆေးဝါး၊ စိတ်ပြောင်းဆေးဝါးနှင့်   ပရီကာဆာ ဓာတုပစ္စည်းများ       တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု       ကြိုတင် ကာကွယ်ရေးလုပ်ငန်းခွဲအုပ်စု   (BIM-STEC Sub-Group on Prevention of Illicit Trafficking in Narcotics Drug, Psychotropic Substances  and Pre-cursor Chemicals) ကို  မြန်မာနိုင်ငံက ဦးဆောင်နိုင်ငံအဖြစ်   တာဝန်ယူဆောင်ရွက်လျက်ရှိပြီး   ပထမအကြိမ်မှ စတုတ္ထအကြိမ်အထိ  လုပ်ငန်းခွဲအုပ်စု အစည်းအဝေးကို  အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပါသည်။

 


မြန်မာနိုင်ငံသည်   မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ    ၂၄  ခုအား လက်မှတ်ရေးထိုးကာ   မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများကို  ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ နားလည်မှု စာချွန်လွှာ    လက်မှတ်ရေးထိုးထားရှိ သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊  ထိုင်းနိုင်ငံ၊   ဗီယက်နမ် နိုင်ငံတို့နှင့် နှစ်နိုင်ငံအစည်းအဝေးများ အား အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိပါသည်။ ထို့အပြင် ဒေသ တွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မူးယစ်ဆေးဝါး    တားဆီးနှိမ်နင်းရေး ဆိုင်ရာကိစ္စရပ်များတွင် သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

 


၂၀၂၁ ခုနှစ်အတွင်း မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့    အနေဖြင့် ပြည်တွင်း/ပြည်ပနိုင်ငံများတွင် ကျင်းပ ပြုလုပ်ခဲ့သည့် အခမ်းအနား တစ်ကြိမ်၊ တွေ့ဆုံဆွေးနွေးပွဲ/ အလုပ်ရုံဆွေးနွေးပွဲ သုံးကြိမ်၊ အွန်လိုင်းဖြင့်   ပြုလုပ်သော အစည်းအဝေး ၂၁ ကြိမ်၊ တွေ့ဆုံဆွေးနွေး ပွဲနှင့်  အလုပ်ရုံဆွေးနွေးပွဲ  သုံးကြိမ်၊ အခမ်းအနား တစ်ကြိမ်နှင့်    သင်တန်း တစ်ကြိမ်တို့ကို တက်ရောက်ခဲ့သည်။

 


မြန်မာ-ထိုင်း  နှစ်နိုင်ငံကြား မူးယစ် ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို  တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍    မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်   တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ  ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ထိုင်း နိုင်ငံ တရားရေးဝန်ကြီး  H.E.Mr. Som-sak Thepsutin ၏ ဖိတ်ကြားချက်အရ   ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက် ၍     နှစ်နိုင်ငံ   မူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေးလုပ်ငန်းများအား     ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊     မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး     အထူး စစ်ဆင်ရေး Operation 1511/22 ၏ အောင်မြင်မှုများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်       အစီအစဉ်များ၊ မူးယစ်ပြစ်မှုဆက်နွှယ်၍  သိမ်းဆည်း ထားသော ဘဏ္ဍာသိမ်းပစ္စည်းများအား စီမံခန့်ခွဲမှုနှင့် ခေတ်မီနည်းပညာအသုံး ပြု၍ မူးယစ်မှုခင်းများအား ဖော်ထုတ် ဆောင်ရွက်နေမှုတို့ကို  ဆွေးနွေးနိုင်ခဲ့ ကြပါသည်။ 

 


အဆိုပါ   ထိုင်းနိုင်ငံခရီးစဉ်အတွင်း အတူလိုက်ပါသွားခဲ့သော မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်    စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်း ရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ-ထိုင်း  နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေးအစည်းအဝေးသို့ တက် ရောက်ခဲ့ပြီး ဒေသအတွင်း မူးယစ်ဆေးဝါး အခြေအနေများ၊   ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်  ပရီကာ ဆာဓာတုပစ္စည်းများ       တရားမဝင် ဝင်ရောက်မှုတို့အား ထိန်းချုပ်ဆောင်ရွက် နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊    နှစ်နိုင်ငံ အလိုရှိတရားခံများအား    ဖော်ထုတ် ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး      အရာရှိ များ၏   စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လူငယ်များကြား မူးယစ် ဆေးဝါးအန္တရာယ် အသိပညာပေးရေးဆိုင်ရာကိစ္စရပ်တို့အား       ဆွေးနွေး သဘောတူခဲ့ကြပြီး    နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်ခဲ့ကြပါသည်။

 


တိုင်းရင်းသားပြည်သူတို့၏ စုပေါင်းအားဖြင့်


မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာ့ နိုင်ငံများ၏      တရားဥပဒေစိုးမိုးရေး၊ လူသားမျိုးနွယ်များ    ဉာဏ်ရည်မြင့် ရှင်သန်ရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား တို့ကို    ပိုမိုခြိမ်းခြောက်လျက်ရှိသည့် အပြင်     နိုင်ငံဖြတ်ကျော်မှုခင်းများ၊ လက်နက်စွဲကိုင် အကြမ်းဖက်တိုက်ခိုက် မှုများနှင့်  လက်နက်ကိုင်သောင်းကျန်း မှုဖြင့်   ပြည်တွင်းမငြိမ်သက်မှုတို့သည် မူးယစ်ဆေးဝါး   ထုတ်လုပ်ဖြန့်ချိမှု၏ ဆိုးကျိုးများပင်ဖြစ်သည်။ 

 


လူငယ်ထုအတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးပြား        သုံးစွဲမှုတို့ ကြောင့် မိသားစုတွင်    စီးပွားရေးနှင့် လူမှုရေးအခက်အခဲများကို  ဖြစ်ပေါ်စေ ပြီး ပတ်ဝန်းကျင်သို့  ကူးစက်ပျံ့နှံ့ကာ အေးချမ်းလုံခြုံသော   လူမှုဝန်းကျင်ကို ထိခိုက်စေလျက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကို အဟန့်အတား ဖြစ်စေလျက်ရှိသည်။ ထို့ကြောင့်   တိုင်းပြည်၏  အနာဂတ် ဥယျာဉ်မှူးများနှင့် ပန်းခင်းများဖြစ်သည့် မျိုးဆက်သစ်လူငယ်များ    ပွင့်သော ပန်းတိုင်းလန်းစေရန် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်   အနေ ဖြင့်    အမြစ်ဖြတ်တိုက်ဖျက်ရေးတွင် တပ်မတော်၊      မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ       ဝန်ကြီးဌာနများနှင့် တိုင်းရင်းသားပြည်သူတို့ စုပေါင်းအား ဖြင့် တားဆီးကာကွယ်လျက်ရှိသည်။

 


ကမ္ဘာတည်သရွေ့ သမိုင်းမှတ်တိုင်အဖြစ် ကျန်ရှိနေမည်


မူးယစ်ဆေးဝါးနှင့်  စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲမှုကို   ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်း၍   တိုက်ဖျက်နေလျက်ကပင် နှစ်စဉ်တိုးပွားလာမှုကြောင့်  ကမ္ဘာလုံး ဆိုင်ရာပြဿနာတစ်ခုအဖြစ် ရင်ဆိုင် လာရလျက်ရှိသည်။    မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊   သယ်ဆောင်ရောင်း ဝယ်ခြင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း၊ သုံးစွဲ ခြင်းနှင့်  ဆက်စပ်ပေါ်ပေါက်လာသော မူးယစ်ဆေးဝါးအန္တရာယ်သည် ကမ္ဘာ့ လူသားအားလုံးကို   လွှမ်းခြုံလာလျက် ရှိသည်။ 

 


ထို့ကြောင့် နိုင်ငံတိုင်းတွင်  တားဆီး ကာကွယ်ရေးလုပ်ငန်းများကို   အရှိန် အဟုန်မြှင့်        ဆောင်ရွက်နေခြင်းဖြစ် သည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော   မြန်မာ နိုင်ငံအနေဖြင့် ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွ ရူးသွပ်ဆေးပြားတို့ကို    ခေတ်အဆက် ဆက် နိုင်ငံတော်က   ပြင်းပြင်းထန်ထန် တားဆီးနှိမ်နင်းခဲ့ပြီး   တပ်မတော်သားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များစွာ တိုင်းပြည် အတွက် အသက်ပေးခဲ့ကြသည်။ ယနေ့ တိုင် အမြစ်မပြတ်သော မူးယစ်ဆေးဝါး ပြဿနာကို    အခက်အခဲများကြားမှ တားဆီးနှိမ်နင်းလျက်ရှိသည်။

 

 
မူးယစ်ဆေးဝါးလျော့နည်းပပျောက် ရေးတွင်  ပြည်သူလူထု၏   အသိရှိရှိ၊ သတိရှိရှိဖြင့်   ပူးပေါင်းပါဝင်မှုသည် နိုင်ငံအတွက် အရေးကြီးသောအချက် တစ်ချက်ဖြစ်သည်။    တစ်နှစ်ထက် တစ်နှစ် စိတ်ကြွရူးသွပ်ဆေးပြား  ပိုမို ဖမ်းဆီးရရှိမှုသည်     တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏  စွမ်းဆောင် ရည် တိုးတက်မြင့်မားလာမှုကို ပြသခြင်း ဖြစ်သည်။ နည်းပညာနှင့်စွမ်းဆောင်ရည် သည် မူးယစ်ဆေးဝါးဖော်ထုတ်ဖမ်းဆီးရာတွင် အရေးပါသောကြောင့် ဖြည့်ဆည်း ဆောင်ရွက်မှုဖြင့် စွမ်းဆောင်ရည်ပြည့်ဝ သော မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများ အောင်မြင်မှုရည်မှန်းချက် ပန်းတိုင်သို့     တက်လှမ်းနိုင်မည်ဖြစ်သည်။ 

 


မြန်မာနိုင်ငံ၏         မူးယစ်ဆေးဝါး ပပျောက်ရေးကြိုးပမ်းမှုတွင်   မူးယစ် တားဆီးကာကွယ်ရေး    ဗဟိုအဖွဲ့၏ စွမ်းဆောင်ရည်သည်    ကမ္ဘာတည်သရွေ့ သမိုင်းမှတ်တိုင်အဖြစ် တည်ရှိနေမည် ဖြစ်ပါကြောင်း ၂၀၂၂ ခုနှစ် ဇွန်  ၂၆ ရက် တွင် ကျရောက်မည့် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ   မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို    ဂုဏ်ပြုရေးသားအပ်ပါသည်။           ။