မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၁) ကျင်းပ

မူးယစ်ဆေးဝါးထုတ်လုပ်မှု လျှော့ချနိုင်ရန် တရားမဝင်ဓာတုပစ္စည်းများ နယ်စပ်ဒေသမှဝင်ရောက်လာမှုကို တားမြစ်ထိန်းချုပ်နိုင်ရေးသည် ပိုမိုအရေးကြီးလာ

 

နေပြည်တော်    ဒီဇင်ဘာ   ၂၁


မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်     တားဆီးကာကွယ်ရေး    ဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင်  နေပြည်တော်ရှိ     မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် အရိန္ဒမာခန်းမ၌   ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။


အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊       ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေသစ်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို စီမံချက်များရေးဆွဲဆောင်ရွက်ခဲ့ရာ ဖမ်းဆီးရမိမှုကိန်းဂဏန်းများ   နှစ်စဉ်များပြားနေ သည်ကို   တွေ့ရမည်ဖြစ်ကြောင်း၊  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူး စစ်ဆင်ရေးများကို ယနေ့ အချိန်ထိ ၃၄ ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း။


၄၀၅ မက်ထရစ်တန်အထိ ကျဆင်းခဲ့


အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် မှုကြောင့် မြန်မာနိုင်ငံ၏  ဘိန်းစိုက်ပျိုးမှု    နှစ်စဉ် ကျဆင်းလျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် ဟက်တာ ၃၃၁၀၀ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ဟက်တာ ၂၉၅၀၀ အထိ ကျဆင်းခဲ့ပြီး ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ၅၀၈ မက်ထရစ်တန်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ၄၀၅ မက်ထရစ်တန်ထိ ကျဆင်းခဲ့ကြောင်း။
တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့ က အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ ဘိန်း ၂ ဒသမ ၂ တန်ကျော်၊     ဘိန်းဖြူ  ၂ ဒသမ ၄ တန်ကျော်၊    စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃ ဒသမ ၃ သန်းကျော်၊ အိုက်စ် ၁၃ ဒသမ ၅ တန် ကျော်၊ ကတ်တမင်း ၇၆၂ ကီလိုအပါအဝင် မူးယစ် ဆေးဝါးများနှင့် ဓာတုပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် ၉၄၇ ဘီလီယံကျော် သိမ်းဆည်းရမိခဲ့ကြောင်း။


မူးယစ်ဆေးဝါးထုတ်လုပ်မှု    လျှော့ချနိုင်ရန် ဓာတုပစ္စည်းများ ထိန်းချုပ်ရေးကဏ္ဍသည် အဓိက ကျသည့်အတွက် တရားမဝင်ဓာတုပစ္စည်းများ နယ်စပ် ဒေသမှဝင်ရောက်လာမှုကို တားမြစ်ထိန်းချုပ်နိုင်ရေး သည် ပိုမိုအရေးကြီးလာကြောင်း။


လက်ရှိဖြစ်ပွားနေသည့်   ကိုဗစ် - ၁၉ ရောဂါ သက်ရောက်မှုများကြောင့်   ပြောင်းလဲလာသည့် မူးယစ်ဆေးဝါးဈေးကွက်၊ သုံးစွဲမှုပုံစံ၊   ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုတို့အပေါ်     စနစ်တကျ သုံးသပ်ပြီး     သက်ဆိုင်သည့်ကဏ္ဍများအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ    ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ကိုယ်စီ တာဝန်ရှိသည်ဟူသော အသိဖြင့် ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း ပြောကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ  စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်  ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်က   မူးယစ်ဆေးဝါးထိန်းချုပ် ရေး ကြိုးပမ်းချက်အပေါ် သုံးသပ်တင်ပြပြီး တွဲဖက် အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က  မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး   ကြိုးပမ်းဆောင်ရွက်ချက် များအပေါ် သုံးသပ်တင်ပြပြီး   ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းတင်ပြသည်။


ယင်းနောက် ဗဟိုအဖွဲ့ဥက္ကဋ္ဌက အစည်းအဝေး သို့ တက်ရောက်လာကြသူများ၏      မူးယစ်ဆေးဝါး  တားဆီးကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လိုအပ်ချက်၊ အကြံပြုချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး   နိဂုံးချုပ်အမှာစကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


အစည်းအဝေးသို့  မူးယစ်ဆေးဝါးနှင့်   စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့ များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာန များမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်        တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်  မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူးများက   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ 


သတင်းစဉ်