မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ပြန်လည်ထူထောင်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀) ကျင်းပ

 

 

နေပြည်‌တော် ဒီဇင်ဘာ ၂၉

 

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ ပြန်လည်ထူထောင်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၀)ကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြန်လည်ထူထောင် ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က အစည်းအဝေး ကို ကိုဗစ်ကာလနှင့်ယှဉ်တွဲ၍ လုပ်ဆောင် ရမည့် လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင် နိုင်ရန် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မူးယစ် ဆေးဝါးသုံးစွဲသူများကို ပြုစုစောင့်ရှောက်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများပေးကာ ပြန်လည်ထူထောင်ပေးမှုများကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ချက်များကို မူးယစ်ဗဟိုအဖွဲ့သို့ သုံးလ တစ်ကြိမ် တင်ပြပါ ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနရှိ လူငယ်များ ပြုစုပျိုးထောင်ရေးစခန်းများကို ပြန်လည်ထူထောင်ရေးဦးစီးဌာနက လွှဲပြောင်း ရယူပြီး စခန်းအခြေပြု၊ ရပ်ရွာအခြေပြု၊ စခန်း နှင့် ရပ်ရွာအခြေပြု သင်တန်းများ ဖွင့်လှစ်ပေး နေပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၏ လမ်းညွှန်ချက်အရ သင်တန်းကာလ တိုးမြှင့် ၍ စခန်းအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းကို ရက်ပေါင်း ၉၀ ကြာ ဖွင့်လှစ် ဆောင်ရွက်နေပါကြောင်း၊ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းများကို ရက်ပေါင်း ၄၀ ကြာ ဖွင့်လှစ်ဆောင်ရွက်နေပါ ကြောင်း။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း များ၌ လူ ၃၀ ထက် မပိုစေဘဲ ပြန်လည် ထူထောင်ရေးသင်တန်းများ ပြန်လည်ဖွင့်လှစ် မည်ဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန်လည်ထူထောင်ရေး အဖွဲ့၏ လုပ်ငန်းတာဝန် (၁၇) ရပ်အပေါ် ဆန်းစစ်အကောင်အထည်ဖော်ရမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လည်း ပေါင်းစပ်ဆောင်ရွက် ရမည်ဖြစ်ပါ ကြောင်း၊ မူးယစ်ဆေးစွဲသူများအား စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေခြင်း၊ လူမှုဘဝတွင် ပြန်လည်ဝင်ဆံ့စေရန် အစီအမံ များ ရေးဆွဲဆောင်ရွက်စေခြင်းတို့ကို စီမံချက် ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည် ထူထောင်ရေးအဖွဲ့တွင် ပါဝင်သောဦးစီးဌာနများ အနေဖြင့် အဆိုပါ လုပ်ငန်းများဆောင်ရွက် ရာတွင် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ လက်ရှိတွင် ဆေးကုသဆဲမူးယစ် ဆေးစွဲသူများကိုလည်း မူးယစ်ဆေး ဖြတ်နိုင် အောင် စိတ်ပိုင်းရုပ်ပိုင်း ပြန်လည်ထူထောင်မှု သင်တန်းများပေးပါကြောင်း၊ မူးယစ်ပြန်လည် ထူထောင်ရေးသင်တန်းပေးရာတွင် မျိုးဆက် သစ် ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရန် ဆောင် ရွက်ရမည်ဖြစ်ပြီး စွမ်းဆောင်ရည်မြှင့်သင်တန်း များကိုလည်း ပြန်လည်ထူထောင်ရေးဦးစီးဌာန အနေဖြင့် တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်မှုခံယူ ပြီးသူများနှင့် မိသားစုများအား ထောက်ပံ့ပေးခြင်း လုပ်ငန်းရပ်ကိုလည်း ဘတ်ဂျက်များ တင်ပြတောင်းခံ၍ စီစဉ်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ မကြာသေးမီက ချမှတ်ခဲ့သော လူငယ့်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်း(၁၆) ရပ်တွင် ပါရှိသော လူငယ်နှင့် မူးယစ်ဆေးနှင့် အခြားသော ဘေးဖြစ်စေ တတ်သည့်အန္တရာယ်များ ကဏ္ဍဆိုင်ရာ လုပ်ငန်းရပ်များကိုလည်း ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် မြေနေရာရရှိမှုပေါ်မူတည်၍ ပြန်လည် ထူထောင်ရေးစခန်းများကို ဘတ်ဂျက်တင်ပြ တောင်းခံတိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ပါ ကြောင်း၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ် ရေးမှူးများကိုလည်း သင်တန်းများဖွင့်လှစ် မွေးထုတ်ပေးလျက်ရှိပါကြောင်း ပြောကြား သည်။

ဆက်လက်၍ အဖွဲ့အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြန်လည် ထူထောင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၁/၂၀၂၀) ၏ အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို တင်ပြဆွေးနွေးပြီး အစည်းအဝေး သို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ က ကဏ္ဍအလိုက် ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြ ဆွေးနွေးကြ သည်။

အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

သတင်းစဉ်