
နေပြည်တော် ဒီဇင်ဘာ ၂၂
မူပိုင်ခွင့်ဦးစီးဌာန၏ (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဝန်ကြီးဌာန၏ “စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန် သော မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရန်” ရည်မှန်းချက်နှင့်အညီ နိုင်ငံတော်ကို အထောက်အပံ့ ဖြစ်စေမည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို အကောင် အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း၊ မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ကုန်အမှတ် တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အာဏာတည်ခဲ့ပြီး အဆိုပါ မူပိုင်ခွင့်လျှောက်လွှာများအား လက်ခံခြင်း၊ စစ်ဆေး ခြင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ကြောင်း။
နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်၊ ဝန်ကြီးဌာနက ချမှတ်ထားသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေမည့် ဌာနတစ်ခုအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်အကာအကွယ် ပေးသည့်စနစ် ခိုင်မာလာစေရန်နှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေးအတွက် မူပိုင်ခွင့်စနစ် တစ်ရပ် တည်ထောင်ရေးကိုလည်း ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က မူပိုင်ခွင့်ဦးစီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြ ပြီး မူပိုင်ခွင့်ဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်မှု Documentary ကိုပြသကာ ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေ ထွန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်