မူမှန်ပြက္ခဒိန်ရောင်းချ

 

နေပြည်တော်   မေ   ၁၉


သာသနာရေးနှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့  ပညာ ရှင်များက ရေးဆွဲထားသည့် မြန်မာသက္ကရာဇ် ၁၃၈၄-၁၃၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်အတွက် မြန်မာ-ရခိုင်-အင်္ဂလိပ်  မူမှန် ပြက္ခဒိန်ကို  ၂၀၂၂ ခုနှစ်   ဇွန်လမှစတင်၍ တစ်စောင်လျှင် ၁၀၀၀ဝိ/- (ကျပ်တစ်သောင်း တိတိ)ဖြင့် ရုံးအမှတ်(၃၅) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန    အနုပညာဦးစီး ဌာန(နေပြည်တော်)တွင် ရောင်းချသွားမည် ဖြစ်သည်။ 

 


ပြက္ခဒိန် ရိုက်နှိပ်ထုတ်ဝေဖြန့်ချိသူများအနေဖြင့်   မြန်မာနိုင်ငံပြက္ခဒိန်အကြံပေး အဖွဲ့က ရေးဆွဲထားသည့် မူမှန်ပြက္ခဒိန်ကို ဝယ်ယူသုံးစွဲခြင်းဖြင့် ဝိဝါဒကွဲပြားမှုမရှိသော ပြက္ခဒိန်ကို        အများပြည်သူတို့အတွက် ရိုက်နှိပ်ဖြန့်ချိနိုင်မည်  ဖြစ်ပါကြောင်းနှင့် အနုပညာဦးစီးဌာနအနေဖြင့်လည်း  မူမှန် ပြက္ခဒိန်ရောင်းချငွေကို      နိုင်ငံတော်ရငွေ အဖြစ် နှစ်စဉ်ပေးသွင်းလျက်ရှိကြောင်း   သိရသည်။ 


သတင်းစဉ်