မူမှန်ပြက္ခဒိန် ရောင်းချမည်

 

နေပြည်တော်    မေ   ၂၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ ပညာရှင်များက ရေးဆွဲထား သည့် မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ်အတွက် မြန်မာ-ရခိုင်-အင်္ဂလိပ် မူမှန်ပြက္ခဒိန်ကို ၂၀၂၃ ခုနှစ် ဇွန်လမှစတင်၍ တစ်စောင်လျှင် ၁၀၀၀၀ (ကျပ်တစ်သောင်းတိတိ)ဖြင့် ရုံးအမှတ် (၃၅)  သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန  အနုပညာဦးစီးဌာန  (နေပြည်တော်)  တွင် ရောင်းချသွားမည်ဖြစ်သည်။
ပြက္ခဒိန်ရိုက်နှိပ်ထုတ်ဝေဖြန့်ချိသူများအနေဖြင့်  မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့က ရေးဆွဲထား သည့် မူမှန်ပြက္ခဒိန်ကို ဝယ်ယူသုံးစွဲခြင်းဖြင့် ဝိဝါဒကွဲပြားမှုမရှိသော ပြက္ခဒိန်ကို အများပြည်သူတို့အတွက် ရိုက်နှိပ်ဖြန့်ချိနိုင်မည်ဖြစ်ပါကြောင်းနှင့်  အနုပညာဦးစီးဌာနအနေဖြင့်လည်း  မူမှန်ပြက္ခဒိန်ရောင်းချ ငွေကို နိုင်ငံတော်ရငွေအဖြစ် နှစ်စဉ် ပေးသွင်းလျက်ရှိပါကြောင်း သတင်းရရှိသည်။            သတင်းစဉ်