
နေပြည်တော် ဇန်နဝါရီ ၂၈
မူလတန်းအောက်ဆင့် သင်္ချာစွမ်းရည်နှင့် စာဖတ်စွမ်းရည်စစ်ဆေး အကဲဖြတ် ခြင်း(Early Grade Mathematics Assessment and Reading Assess-ment – EGRA/EGMA) သုတေသန လုပ်ငန်း၏ တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များ တင်ပြခြင်းလုပ်ငန်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က မူလတန်းအောက်ဆင့် သင်္ချာစွမ်းရည် နှင့် စာဖတ်စွမ်းရည် စစ်ဆေးအကဲ ဖြတ်ခြင်းလုပ်ငန်းတွင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မူလ တန်းကလေးငယ်များ၏ စာဖတ်စွမ်း ရည်၊ အရေးစွမ်းရည်နှင့် သင်္ချာ စွမ်းရည်များကို ပိုမိုမြှင့်တင်ဆောင် ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ မြှင့်တင်ဆောင်ရွက်ပေးနိုင်မှသာ မူလ တန်း ကလေးငယ်များသည် တစ်သက် တာ သင်ယူမှု အခွင့်အလမ်းများကို ပိုင်ပိုင်နိုင်နိုင်ရရှိပြီး ၂၁ ရာစု ကျွမ်းကျင်မှု စွမ်းဆောင်ရည်များကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ မူလတန်း အောက်ဆင့် သင်္ချာစွမ်းရည်နှင့် စာဖတ်စွမ်းရည် စစ်ဆေးအကဲဖြတ် ခြင်း လုပ်ငန်းသည် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ အခြေခံ အကျဆုံး လိုအပ်ချက်သည် အရေး၊ အဖတ်၊ အတွက် ဖြစ်ပါကြောင်း၊ ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် များကို မြှင့်တင်ဆောင်ရွက်ရာတွင် အခြေခံ အရေး၊ အဖတ်၊ အတွက် သာမက သိပ္ပံနှင့် အခြေခံကွန်ပျူတာ၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ နီတိ စသည့်ကျွမ်းကျင်မှုများ သင်ယူ တတ်မြောက်ရန် အရေးကြီးပါ ကြောင်း။
နှစ်စဉ်သုတေသနရလဒ်များအရ ကလေးများ စာတစ်ပိုဒ်ကို ဖတ်သည့် အခါ တစ်စိတ်တစ်ပိုင်းသာ ဖတ်နိုင်ပြီး တစ်စိတ်တစ်ပိုင်းပဲ ဆွေးနွေးနိုင်မည့် ကလေးများရှိသလို စာတစ်ပိုဒ်ကို ဖတ်ပြီး လုံးဝမဆွေးနွေးနိုင်သည့် ကလေးများရှိပါကြောင်း၊ စာတစ်လုံး ကိုပင် မဖတ်နိုင်သည့် ကလေးများ လည်းရှိပါကြောင်း၊ ထိုကဲ့သို့ စာတစ်လုံးမှ မဖတ်နိုင်သည့် ကလေး များရှိသော ဒေသများတွင် ၎င်းတို့ အတွက် မည်သို့ဆောင်ရွက်ပေးရမည်၊ ၎င်းတို့၏ ဆရာ၊ ဆရာမများကို သင်တန်းပေးရန်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု နည်းလမ်းများဖြင့် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်၊ ကျောင်း၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမ များ၊ မိဘများနှင့် ပူးပေါင်း၍ လိုအပ် ချက်များကို ဖြည့်ဆည်းဖြေရှင်း၍ စာဖတ်စွမ်းရည်နှင့် အခြေခံသင်္ချာစွမ်း ရည်မြှင့်တင်ပေးနိုင်မည်ကို လက်တွေ့ ကျကျ ဆောင်ရွက်ပေးရန် အရေးကြီး ပါကြောင်း။
South East Asia Primary Learning Metrics-SEA PLM အစီ ရင်ခံစာနှင့် ယခု EGRA , EGMA ၏ အစီရင်ခံစာအရ မူလတန်းပြ ဆရာ ဆရာမများ၊ မူလတန်းကျောင်းအုပ် များ၊ ပံ့ပိုးပေးကြသည့် မြို့နယ်ပညာ ရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေး မှူးများ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ၊ ဦးစီးဆောင်ရွက်ပေးသည့် ပညာရေး သုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ၊ The World Bank ၊ UNICEF နှင့် ကူညီပံ့ပိုး ပေးသည့် မိတ်ဖက်အဖွဲ့အစည်းများ ကိုလည်း ကျေးဇူးတင်ရှိပြီး မှတ်တမ်း တင်ပါကြောင်း၊ စာသင်ခန်းတွင်ရှိသည့် မူလတန်း ကလေးငယ်များအားလုံး ၂၁ ရာစု၏ ကျွမ်းကျင်မှုအတွက် အခြေခံ လိုအပ်ချက်ဖြစ်သော အဖတ် စွမ်းရည်၊ အရေးစွမ်းရည်၊ အတွက်စွမ်း ရည်ကောင်းရန်နှင့် သိပ္ပံ၊ အခြေခံ ကွန်ပျူတာ၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှု နှင့် ပြည်သူ့နီတိများ သင်ယူတတ် မြောက်နိုင်ရန် အရေးကြီးပါကြောင်း၊ ကျောင်းထွက်မှု လုံးဝမရှိစေရန်နှင့် Learning Poverty မဖြစ်စေရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် အရေးကြီးသည့် စီမံကိန်းဖြစ်၍ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် အသိပေး မေတ္တာရပ်ခံအပ်ပါကြောင်း။
ယခုလုပ်ငန်းတွင် ပူးပေါင်းပါဝင် ရန်အဓိကကျသူများမှာ မိဘများနှင့် မိဘဆရာအသင်းများ ဖြစ်ပါကြောင်း၊ မိဘဆရာ အသင်းများ၏ ပူးပေါင်း ပါဝင်မှုမရှိဘဲ လုပ်ငန်းမအောင်မြင်နိုင် ပါကြောင်း၊ စာဖတ်၊ စာရေး၊ အခြေခံ သင်္ချာ၊ အခြေခံသိပ္ပံ၊ အခြေခံကွန်ပျူ တာ၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့နီတိများ သင်ရာတွင် အားနည်းနေသည့် ကလေးငယ်များ ကို မိဘများ၊ မိဘဆရာ အသင်းများက ဆရာများနှင့် ပူးပေါင်းပါဝင်၍ အထောက်အကူပြု ပံ့ပိုးပေးလျှင် လုပ်ငန်းအောင်မြင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် Mr Saurav Dev Bhatta, Senior Economist and Education Team Leader, The World Bank က မူလတန်းအောက်ဆင့် သင်္ချာစွမ်းရည်နှင့် စာဖတ်စွမ်းရည် စစ်ဆေးအကဲဖြတ်ခြင်း သုတေသန လုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက် ၍ ခြုံငုံသုံးသပ်ခြင်းကို လည်းကောင်း၊ ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သုတေသန ဌာနခွဲမှ ဒေါ်အိဖြူမောင်၊ ဒေါ်ပွင့်ဆက် ခင်၊ ဒေါ်ခင်သိမ့်သိမ့်ဖြိုးတို့က EGMA နှင့် EGRA သုတေသန လုပ်ငန်းများ၏ တွေ့ရှိချက်များကို လည်းကောင်း၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန သုတေသန ဌာနခွဲမှ ဒေါ်ယုမော်ဝင်းက Early Grade Teaching Manual များ ဆောင်ရွက်နေမှု အခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ အခြေခံ ပညာဦးစီးဌာန စီမံကိန်းဌာနခွဲမှ ဒေါက်တာဖြိုးမမဟိန်းက Early Grade Teaching Intervention အစီအစဉ်များကို လည်းကောင်း၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန သုတေသန ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးသီတာစိုးက ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသူ များက သိရှိလိုသည်များ မေးမြန်းကြ ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြား သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စား လှယ်များ၊ အမျိုးသားပညာရေး မူဝါဒ ကော်မရှင်အဖွဲ့၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများ၊ Early Grade Teaching နည်းပညာဆိုင်ရာ အဖွဲ့ဝင် များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ ကြောင်း သိရသည်။
သတင်းစဉ်