မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် အချိန်တိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည့် မြောက်ဦးမြို့နယ်

7

 

မောင်ငြိမ်းအေး

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ နံနက် ပိုင်းက    ရခိုင်ပြည်နယ်   ကမ်းရိုးတန်း ဒေသကိုဖြတ်ကျော်ပြီး စစ်တွေမြို့အနီးမှ  ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” (MOCHA) ၏ အဖျက် စွမ်းအားမှာ အလွန်ကြီးမားလှပါသည်။ ဆိုင်ကလုန်းမုန်တိုင်း အမည်ရှေ့တိုင်း၌ အလွန်အားကောင်းသော   ဆိုင်ကလုန်း မုန်တိုင်းဟု ပညတ်ကြသော်လည်း ယခုမိုခါဆိုင်ကလုန်းမုန်တိုင်းမှာမူ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀  အထိရှိသဖြင့်    “အလွန့်”    အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာခဲ့သည်။
ကြေမွပျက်စီး
အလွန့်အလွန်    အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ် မှုကြောင့်       ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်စလုံး ထိခိုက်ကြေမွ  ပျက်စီးသွားခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့်      ရခိုင်ပြည်နယ် အတွင်းရှိ မြောက်ဦးမြို့နယ်သည်လည်း အခြားမြို့နယ်များနည်းတူ      ပျက်စီး ဆုံးရှုံးမှု များပြားခဲ့သည်။ 
မြောက်ဦးမြို့နယ်          အတွင်းရှိ ရုံးအဆောက်အဦများ၊    လူနေအိမ်များ အများသောအားဖြင့်    အမိုးလန်ပြိုကျ ပျက်စီးသွားခဲ့သည်။ ထို့အပြင် ဓာတ်တိုင် များ၊   သစ်ပင်များ   ကျိုးကျပြိုလဲခြင်း၊ ဆက်သွယ်ရေးလိုင်းများ   ပြတ်တောက် ခြင်း၊ သာသနိကအဆောက်အဦများဖြစ်  သည့်    ဘုရား၊   စေတီ၊  ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ ပျက်စီးခြင်း၊ စာသင်ကျောင်းများ၊ ကျန်းမာရေးဆေးခန်း များ၊ တိုက်နယ်ဆေးရုံများ၊ ယာယီခိုလှုံရာ စခန်းများ၊    ဆန်စက်များ၊    မွေးမြူရေး ကြက်ခြံများ၊     မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများ စသည်ဖြင့် တစ်မြို့နယ် လုံးရှိ အဆောက်အဦများ ကြေမွပျက်စီး သွားခဲ့သည်။
ရှုမောဖွယ်ပျက်ပြယ်
မြောက်ဦးမြို့နယ်သည်      မြေညီ မြေပြန့် မဟုတ်၊ တောင်ကုန်းတောင်ပူစာ တို့ဖြင့် သာယာလှပသော မြို့တစ်မြို့ဖြစ် သည်။ မြို့နယ်၏ မြောက်ပိုင်းနှင့် အရှေ့ ပိုင်းတို့တွင်  သစ်တောများ  ဖုံးလွှမ်းနေ သော တောင်တန်းများရှိပြီး မြို့တောင်ပိုင်း နှင့်    အနောက်ပိုင်းတို့မှာ      မြေဩဇာ  ကောင်းမွန်သဖြင့် ဆန်စပါးကို အဓိက  စိုက်ပျိုးကြသည်။ မြောက်ဦးမြို့နယ်၏ အထင်ကရ    အထိမ်းအမှတ်လက္ခဏာ သည် တင့်တယ်ရှုမောဖွယ်ကောင်းသည့် ရှေးဟောင်းစေတီပုထိုးများ မြောက်မြား စွာရှိသဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွား များ စိတ်ဝင်စားရာ မြို့တစ်မြို့ဖြစ်သည်။ 
ပြီးခဲ့သည့်နှစ်က         ဆိုင်ကလုန်း မုန်တိုင်းမိုခါ တိုက်ခတ်ဖျက်ဆီးမှုကြောင့် သာယာလှပမှုနှင့်      ရှုမောဖွယ်ရာများ အကျည်းတန်   အရုပ်ဆိုး   ဖြစ်ခဲ့ရသည်။ မြောက်ဦးမြို့နယ်သည်  ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ခရိုင်မြို့တစ်မြို့ဖြစ်သည်။  ဆိုင်ကလုန်းမုန်တိုင်းမိုခါ   တိုက်ခတ်မှု ကြောင့်   ရခိုင်ပြည်နယ်   မြောက်ပိုင်းရှိ စစ်တွေခရိုင်၊  မောင်တောခရိုင်တို့နှင့်အတူ မြောက်ဦးခရိုင်သည်လည်း ပျက်စီးဆုံးရှုံး မှုအများဆုံး    ဖြစ်ခဲ့သည်။     မုန်တိုင်း တိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်ရှိ  လူနေအိမ်နှင့်အဆောက်အဦ ၂၀၅၁၉ ခုမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့ပြီး  လူနေအိမ်နှင့်အဆောက်အဦ ၇၅၆၁ ခုမှာ  လုံးဝပျက်စီးပြိုကျသွားခဲ့သည်။ ဆုံးရှုံးမှု တန်ဖိုးစုစုပေါင်းမှာ     ကျပ်သန်းပေါင်း နှစ်သောင်းကျော်ရှိကြောင်း      ခန့်မှန်း ထားသည်။
ကြိုတင်ပြင်ဆင်
အလွန့်အလွန်     အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် အဖျက် စွမ်းအား     အလွန်ကြီးမားသော်လည်း နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ကြိုတင်အသိ ပေးထားမှု၊      ရှာဖွေကယ်ဆယ်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ အား ကြိုတင်ပြင်ဆင် ဖွဲ့စည်းထားမှုတို့ ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူ များအနေဖြင့်  မိမိနေအိမ်များ ပျက်စီး မည်ကို သိသော်လည်း စိုးရိမ်စရာကြီးကြီး မားမား မဖြစ်ခဲ့ကြပေ။ မြောက်ဦးခရိုင်  အတွင်းရှိ    မြို့နယ်   လေးမြို့နယ်တွင် ရှာဖွေကယ်ဆယ်ရေး        လုပ်ငန်းများ ဆောင်ရွက်ကြမည့် အင်အား ၄၆၅ ဦးကို စုရပ်နေရာ  ၁၃  ခုတွင်  အသင့်ပြင်ဆင် ထားရှိခြင်း၊     မုန်တိုင်းသတင်းအချက် အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိ နိုင်ရန် ဆောင်ရွက်ထားရှိခြင်းနှင့် စားနပ်  ရိက္ခာများ တစ်ပတ်စာကြိုတင်သိုလှောင် ထားရှိခြင်းတို့ကြောင့် ပြည်သူများအနေ ဖြင့် ပူပန်မှုကြီးကြီးမားမား မဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဂုဏ်ယူဝင့်ကြွား
အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီ  ကွပ်ကဲမှု အောက်ရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ကော်မတီများအနေဖြင့်        မုန်တိုင်း ဘေးအန္တရာယ်       ကျရောက်နိုင်သည့် လမ်းကြောင်းပေါ်တွင်  နေထိုင်ကြသည့် ပြည်သူများအား   ဘေးလွတ်ရာနေရာ  များသို့ ကူညီရွှေ့ပြောင်းပေးထားသဖြင့်  မြောက်ဦးမြို့နယ်အတွင်းမှ ပြည်သူများ ထိခိုက်သေဆုံးမှုအန္တရာယ်မှ ကင်းဝေး ခဲ့ကြသည်။ မုန်တိုင်းသင့်ဒေသများတွင် မုန်တိုင်း    မကျရောက်မီ၊      မုန်တိုင်း ကျရောက်စဉ်နှင့် မုန်တိုင်းကျရောက်ပြီး ကာလတစ်လျှောက်တွင်    တပ်မတော် သားများ၊    မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ 
သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများ၏ ဂုဏ်ယူဝင့်ကြွားစေတနာ ထက်သန်စွာဖြင့် ကူညီကယ်ဆယ်စောင့် ရှောက်ပေးမှုများသည်     မုန်တိုင်းသင့် ပြည်သူများအတွက်      တစ်အားဖြစ် စေသည်။
တာဝန်ပေးအပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည်  အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  မိုခါ   (MOCHA) တိုက်ခတ်မှုကြောင့်      ထိခိုက်ပျက်စီးခဲ့ သည့်     ဒေသများကို       သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု        ဥပဒေ ပုဒ်မ  ၁၁  အရ သဘာဝဘေး  အန္တရာယ် ကျရောက်သော ဒေသများအဖြစ် မေလ  ၁၅ ရက်နှင့် မေလ ၁၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ပြီး     ကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် ရန်အတွက် တပ်မတော်အရာရှိကြီးများ အား  အချိန်မဆိုင်းဘဲ  တာဝန်ပေးအပ် ခဲ့ရာ  မြောက်ဦးမြို့နယ်တွင် တပ်မတော် အရာရှိကြီး တစ်ဦးဖြစ်သည့်  ဗိုလ်ချုပ် သောင်းထိုက်ရွှေ ကို တာဝန်ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထား ရေး၊    ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို     အလျင်အမြန်      ဆောင်ရွက် ခဲ့သည်။
ထောက်ပံ့ပေးအပ်
မုန်တိုင်း        တိုက်ခတ်ပြီးသည်နှင့် ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များက မြို့ပေါ်   ရပ်ကွက်၊  ကျေးရွာများအတွင်း ပြိုကျပျက်စီးမှုများကို    အလျင်အမြန် ရှင်းလင်းဖယ်ရှားပေးကြပြီး      မုန်တိုင်း ရှောင်ပြည်သူများကို     ပြန်လည်နေရာ ချထားပေးကြသည်။     ဆက်လက်၍ မြောက်ဦးမြို့နယ်အတွင်းရှိ မုန်တိုင်းသင့် ပြည်သူများအတွက်     ထောက်ပံ့ရေး ပစ္စည်းများကို        နယ်မြေခံတပ်မမှူး ဦးဆောင်မှုဖြင့်      မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်း များက        မြောက်ဦးမြို့တော်ခန်းမ၌ ရပ်ကွက်၊   ကျေးရွာအုပ်ချုပ်ရေးမှူးများ အား ဦးစွာပေးအပ်ခဲ့ကြသည်။ 
မုန်တိုင်းသင့်           ပြည်သူများအား ထောက်ပံ့ပေးအပ်ရာတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သော  ဆန်အိတ် ၆၂၁ အိတ်နှင့် ဆီ၊ ဆား၊ ငါးပိ တို့ကို မြောက်ဦးမြို့နယ် အလယ်ချောင်း ကျေးရွာ၊    ဇီးပင်ကြီးကျေးရွာ၊    ရဲဖျား ကျေးရွာ စသည့်ကျေးရွာအုပ်စု ၁၉ အုပ်စု၊ ကျေးရွာ ၅၆ ရွာရှိ ပြည်သူတစ်သောင်း ကျော်အား      ထောက်ပံ့ပေးအပ်ခဲ့သည်။  အလားတူ သဘာဝဘေးအန္တရာယ် စီမံ  ခန့်ခွဲမှုဦးစီးဌာနကလည်း ကျေးရွာအုပ်စု လေးအုပ်စုမှ   လုံးဝပျက်စီးသွားသော နေအိမ်များ ပြန်လည်တည်ဆောက်ရန် အတွက်  ထောက်ပံ့ရေးပစ္စည်း ၁၇ မျိုးကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ခဲ့ပြီး  ကျန်ရှိသော  ကျေးရွာ အုပ်စုများကိုလည်း ဆက်လက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
နေ့စဉ်ဆောင်ရွက်
ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ် မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာ များနှင့်   ပြန်လည်တည်ဆောက်ရမည့် အခြေအနေများကို မုန်တိုင်းလွန်ကာလ မှစ၍   မြောက်ဦးမြို့နယ်ကို  တာဝန်ယူ ဆောင်ရွက်ရသည့်  ဗိုလ်ချုပ် သောင်းထိုက် ရွှေက မြို့နယ်မှ ဌာနဆိုင်ရာအဖွဲ့အစည်း များနှင့်အတူ    မြို့နယ်အတွင်း    နေ့စဉ် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး          ရုံး အဆောက်အဦများ၊  ဆေးရုံ၊  ဆေးပေး  ခန်းများ၊ စာသင်ကျောင်းများ၊ ဘုန်းတော် ကြီးကျောင်းများနှင့်      လူနေအိမ်များ  စသည့် လုံးဝပျက်စီးသွားသည့် အဆောက် အဦများ၊    တစ်စိတ်တစ်ပိုင်း   ပျက်စီး သွားသည့် အဆောက်အအုံများကို ခွဲခြား စာရင်းကောက်ယူကာ  ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများကို        နေ့စဉ် ဆောင်ရွက်ပေးခဲ့သည်။
ကျောင်းဖွင့်အမီ
 မြောက်ဦးမြို့နယ်တွင် ဘုန်းတော် ကြီးသင်ပညာရေးကျောင်း   အပါအဝင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း ၁၆၈ ကျောင်း ပျက်စီး သွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း  ၃၅၉ သန်း ကျော်ရှိကြောင်း သိရသည်။ မြောက်ဦးမြို့ပေါ်တွင် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊    အခြေခံ ပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(၁)  အခြေခံပညာ          အလယ်တန်းကျောင်း၊ တောင်ရပ်  မူလတန်းကျောင်းနှင့်  မူလ တန်းလွန်ကျောင်းများမှာ ခေါင်မိုးနှင့် မျက်နှာကြက်များ    လုံးဝပျက်စီးသွား သဖြင့်     ကျောင်းဖွင့်ရာသီအမီ   အမြန် ပြန်လည်တည်ဆောက်   ပြုပြင်နိုင်ရန် အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများက ထောက်ပံ့ကူညီ ဆောင်ရွက်ပေးခဲ့သည်။
အခွင့်အရေးမဆုံးရှုံး 
မြောက်ဦးမြို့နယ်အတွင်း     လုံးဝ ပျက်စီးသွားသော ကျောင်း ၁၇ ကျောင်း ကို ပြန်လည်ပြင်ဆင် တည်ဆောက်နေ ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရာ ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် ဓမ္မာရုံများတွင် တစ်နေ့ လျှင်    နှစ်ကြိမ်ခွဲပြီး      စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရန် ဆောင်ရွက်ပေးခဲ့ သည်။  မြောက်ဦးမြို့နယ်တွင် အခြေခံ ပညာကျောင်း   ၁၆၈   ကျောင်းရှိသည့် အနက် ဇူလိုင်လ ၂၃ ရက်နေ့တွင် ၁၃၅ ကျောင်းကို ပြုပြင်တည်ဆောက်ပေးနိုင် ခဲ့သည်။     ကျန်ရှိသောကျောင်းများကို ဆက်လက်             ဆောင်ရွက်ခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်းလွန်   ကာလတွင် အချိန်တိုအတွင်း ပြန်လည်တည်ဆောက် ပေးနိုင်သောကြောင့်     ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှု အခွင့် အလမ်းများ မဆုံးရှုံးဘဲ နေ့စဉ်ကျောင်း တက် ပညာသင်ယူနိုင်ခဲ့ကြသည်။
အခက်အခဲဖြစ်
မြောက်ဦးမြို့နယ်တွင်       ဆေးရုံ၊ ဆေးခန်း ရှစ်ခု၊ ကျေးလက်ကျန်းမာရေး ဆေးခန်းအခု  ၂၀  စုစုပေါင်း ကျန်းမာရေး အဆောက်အဦ  ၂၈  ခု ပျက်စီးဆုံးရှုံးခဲ့ သည်။    မြောက်ဦးမြို့နယ်     တိုင်းရင်း ဆေးကုဌာနမှလည်း မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ကျန်းမာ ရေး    အသိပညာပေးခြင်း၊      တိုင်းရင်း ဆေးဝါးများ လှူဒါန်းခြင်းတို့ကို ပြုလုပ် ပေးခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများက ကုသပေးကြသည်။          မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့်  မြောက်ဦးမြို့နယ် အတွင်းရှိ   ရေအရင်းအမြစ်များ  ဆုံးရှုံး ပျက်စီးသွားခဲ့သည်။ မြို့နယ်အတွင်းရှိ တာအရှည်ပေ  ၈၀၁၁၉  ပေ၊  ရေတွင်း လေးတွင်း၊ ရေကန် ၈၇ ကန် ပျက်စီးသွား ခဲ့သည်။     ပြည်သူများ      အားထား သောက်သုံးရာ  ရေတွင်း၊  ရေကန်များ ပျက်စီးသွားသဖြင့်   များစွာအခက်အခဲ ဖြစ်ကြရသည်။ 
မြောက်ဦးမြို့နယ်တွင် စေတီတော် နှစ်ဆူ၊       ဘုန်းတော်ကြီးကျောင်းနှင့် သာသနိကအဆောက်အဦ     ၅၆၅     ခု ပျက်စီးဆုံးရှုံးခဲ့သည်။    မြောက်ဦးမြို့ နယ်တွင် ရခိုင်ပြည်နယ်၏ ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်သည့် နန်းတော်ရာ ကုန်းအား   မူလအခြေအနေအတိုင်း ပတ်ဝန်းကျင်       သာယာလှပစေရေး အတွက် မုန်တိုင်းလွန်သည့်ကာလမှစ၍ နယ်မြေခံတပ်ရင်း              တပ်ဖွဲ့များမှ တပ်မတော်သားများ၊     မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက         ကျိုးကျနေသော သစ်ပင်၊    သစ်ကိုင်းများကို     ခုတ်ထွင် ရှင်းလင်းခြင်း၊     လမ်းပိတ်ဆို့နေသော သစ်ကိုင်းများကို      ရှင်းလင်းဖယ်ရှား ခြင်း၊   လမ်းဘေးချုံနွယ်   အမှိုက်များကို ရှင်းလင်းခြင်းတို့ကို နေ့စဉ်ဆောင်ရွက် ခဲ့ကြသည်။


အမြန်ဆုံးပြုပြင်
မြောက်ဦးမြို့နယ်         အတွင်းရှိ  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလည်း မုန်တိုင်းကြောင့်   ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး   ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ပေါင်း   ၁၇၇၃   သန်း    ကျော်ရှိခဲ့သည်။ မြို့နယ်အတွင်းရှိ   ဆန်စက်  ၅၃  စက် ပျက်စီးသွားသည်။  မွေးမြူရေးလုပ်ငန်း များတွင် တိရစ္ဆာန်ကောင်ရေ ၄၉၁၈၂ ကောင် သေဆုံးခဲ့ပါသည်။ ဆုံးရှုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်း များက ထောက်ပံ့ကူညီမှုများ ဆောင်ရွက် ပေးခဲ့သည်။ မြောက်ဦးမြို့နယ်အတွင်း ဒေသခံပြည်သူများ သွားလာလုပ်ကိုင် ဆက်သွယ်မှုအတွက် တည်ဆောက်ပေး ထားသော လမ်းနှစ်ခုနှင့်  တံတား လေးခု ပျက်စီးခဲ့သည်ကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက      အမြန်ဆုံးပြန်လည် ပြုပြင်တည်ဆောက်ပေးခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ် မှုကြောင့်      ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ လျှပ်စစ်မီးတိုင်များ၊ မီးကြိုး များ၊ ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံ များ၊   လျှပ်စစ်တာဝါတိုင်များ၊   အများ အပြား ပျက်စီးဆုံးရှုံးခဲ့ရာ မြောက်ဦးခရိုင် အတွင်းရှိ    လျှပ်စစ်အဆောက်အဦနှင့် ပစ္စည်းများလည်း ပါဝင်ခဲ့သည်။ မြောက်ဦး မြို့နယ်တွင်  လျှပ်စစ်တာဝါတိုင် နှစ်ခုနှင့် ဓာတ်တိုင် ၁၇၇ ခု ပြိုကျပျက်စီးသွားခဲ့ပါ သည်။   ဆုံးရှုံးမှုတန်ဖိုးမှာ  ကျပ်သန်း ပေါင်း ၆၀ ကျော်ရှိသည်။ အဆိုပါလျှပ်စစ် ကဏ္ဍဆိုင်ရာ ပျက်စီးမှုများကို လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများက  မုန်တိုင်းလွန်ကာလတစ်လျှောက် နေ့စဉ် ပြန်လည် တည်ဆောက်ခဲ့ကြပါသည်။
ဝမ်းမြောက်ပျော်ရွှင် 
မြို့နယ်အတွင်း   ပျက်စီးသွားသော လျှပ်စစ်ကွန်ရက်များကို       လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်လျှပ်စစ်ဝန်ထမ်းများက နေ့မအား ညမနား    ပြန်လည်တည်ဆောက်ခဲ့ကြ ရာ မူလက လျှပ်စစ်ဓာတ်အား ပြန်လည် ပေးနိုင်ရေးကို ဇွန်လကုန်မှသာ ရရှိမည်  ဟု ခန့််မှန်းခဲ့သော်လည်း ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဇွန်လ ၂၃ ရက်နေ့  နံနက်တွင်  ၆၆ ကေဗွီ ပုဏ္ဏား ကျွန်း- မြောက်ဦးလိုင်းနှင့်  ၆၆  ကေဗွီ မြောက်ဦး-မင်းပြားလိုင်းတို့ကို လျှပ်စစ် ဓာတ်အား      ပြန်လည်ချိတ်ဆက်နိုင် ခဲ့သည်။ 
ရခိုင်ပြည်နယ်အတွင်း    မုန်တိုင်း တိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်နှင့် တစ်ဆက်တစ်စပ်တည်း        ဖြစ်သည့် စစ်တွေ၊    ပုဏ္ဏားကျွန်း၊    ကျောက်တော်၊ မင်းပြား၊   မြေပုံ၊   ပေါက်တော၊    ရသေ့ တောင်များရှိ လျှပ်စစ်မီးတိုင်များအားလုံး ပျက်စီးသွားခဲ့ပြီး မီးများပြတ်တောက် သွားခဲ့သည်။   ပြတ်တောက်သွားသော  လျှပ်စစ်ပိုင်းဆိုင်ရာတို့ကို ဝန်ထမ်းများက  အင်တိုက်အားတိုက်    ဆောင်ရွက်ခဲ့ကြ  သောကြောင့် ဇွန်လ ၂၃ ရက်နေ့ နံနက်  ၁၁ နာရီ ၂၃ မိနစ်အချိန်မှစ၍ မြောက်ဦး မြို့နှင့်  ပတ်ဝန်းကျင်ကျေးရွာများတွင်  လျှပ်စစ်မီး        ရာနှုန်းပြည့်ရရှိသဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြသည်။
ထိခိုက်မှုအနည်းဆုံး
ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ် မှုနှင့်ပတ်သက်၍ မိုးလေဝသတင်းများကို  အချိန်နှင့်တစ်ပြေးညီ အလေးထားပြီး အမျိုးသား         သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်းများ၊ တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ     ပူးပေါင်းဆောင်ရွက်မှုဖြင့် မုန်တိုင်း   မကျရောက်မီကာလအတွင်း  မြောက်ဦးမြို့နယ်အပါအဝင်    မြို့နယ် များရှိ သဘာဝဘေးအန္တရာယ်ခိုလှုံရာ Shelter     များသို့      လည်းကောင်း၊ ဘေးလွတ်ရာများသို့      လည်းကောင်း အိမ်ထောင်စုများအား       ရွှေ့ပြောင်း ပေးနိုင်ခဲ့သဖြင့်   လူအသေအပျောက်နှင့် ထိခိုက်မှု   နည်းပါးခဲ့သည်။   မြောက်ဦး မြို့နယ်တွင်     လူအသေအပျောက်နှင့် ထိခိုက်မှု  မရှိခဲ့ပါ။   ပျက်စီးဆုံးရှုံးမှုမှာ လည်း  အများဆုံးအဆင့်တွင် မပါဝင်ခဲ့ သည်ကိုတွေ့ရသည်။
ရိုင်းပင်းကူညီ
အလွန့်အလွန်အင်အား ပြင်းထန် သော     ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် အဖျက်စွမ်းအားကြီးမားလှသဖြင့် မုန်တိုင်း ဖြတ်သန်းရာ ဒေသများအားလုံး ထိခိုက် ပျက်စီးမှုနှင့် သေဆုံးထိခိုက်မှုကြီးမား မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏  မေလ ၁၄  ရက်နေ့ နံနက်ပိုင်းတွင်   နေပြည်တော်၌    ပြုလုပ် သည့်      သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲရေး   အရေးပေါ်အစည်းအဝေး တွင် သဘာဝဘေးအန္တရာယ် မကျရောက် မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ် သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန် ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင် ရွက်ခြင်း၊         အသင့်ပြင်ဆင်စုဖွဲ့ထား ခြင်းနှင့်  ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီ          လုပ်ငန်းတာဝန်များနှင့်    ပတ်သက်သည့် လမ်းညွှန်မှာကြားချက် များကို ထိထိရောက်ရောက် တက်တက် ကြွကြွ တက်ညီလက်ညီ  အကောင်အထည် ဖော် ဆောင်ရွက်နိုင်မှုနှင့် ပြည်ထောင်စု ဖွား   ညီနောင်သားချင်း    ရိုင်းပင်းကူညီ သည့်     မွန်မြတ်သော   စိတ်ထားဖြင့်     ဆောင်ရွက်နိုင်ခဲ့သောကြောင့်      အသေ အပျောက်   ထိခိုက်မှု    အနည်းဆုံးဖြင့်   မူလအခြေအနေထက်         သာလွန် ကောင်းမွန်အောင်    အချိန်တိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်ခဲ့ပါကြောင်း။    ။