
နေပြည်တော် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် မြို့နယ်၌ ငွေကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲတွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် ခိုဝိန်းနယ်မြေ အမှတ်(ခဝ/၁၃၇) အခန်း(၁၀)တွင် ငှားရမ်းနေထိုင်သူ ကျောက် ကွမ်ကြူ(ခ) ကျောက်ကျုံး (၃၅ နှစ်)၏ နေအိမ်ကို သတင်းအရ ရှာဖွေရာ နေအိမ်အတွင်းမှ ဒေသ ကာလတန်ဖိုးငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၆၂၀၀၀၀ နှင့် စိတ်ကြွ ဆေးပြား အကြေ ၂ ဒသမ ၄ ကီလို တို့ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်း အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူ များအား စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။ သတင်းစဉ်