မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအုပ်စုအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားများကို နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေး

 

မူဆယ်  ဇန်နဝါရီ   ၂၁


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအုပ်စု နမ့်ကတ်ကျေးရွာ တွင် လူမှုဘဝပြည့်စုံဖို့  နိုင်ငံသားကတ် ကိုင်ကြစို့ဆိုသည့်   ဆောင်ပုဒ်အတိုင်း    ဒေသခံပြည်သူတိုင်း ဥပဒေနှင့်ညီညွတ်သူ တိုင်း နိုင်ငံသားကတ်ရရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံ သားကတ်ပြားများ ဆောင်ရွက်ပေးခြင်း ကို လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်အဖွဲ့ သည် ယနေ့ နံနက်ပိုင်းက  ရွက်စိမ်းပွင့် လူငယ်ဇရပ်၌ ဆောင်ရွက်ပေးသည်။

 


အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားကတ်ပြားများ   ကွင်းဆင်း ဆောင်ရွက်ရာတွင် ဗဟိုတအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ခွဲဒုဥက္ကဋ္ဌ  ဦးမိုင်းလှရွှေ က ကျေးဇူးတင်စကား    ပြောကြားပြီး ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက ပြည်သူများ အတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်   နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို     ဆောင်ရွက်ပေးရေး လုပ်ငန်းအား နိုင်ငံတစ်ဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။ 

 


အခမ်းအနားသို့ နမ့်ကတ်ကျေးရွာမှ ဒေသခံပြည်သူ ၁၂၀ ခန့် တက်ရောက် ကြပြီး   နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၅  ခုကို လက်ဝယ်အရောက်ပေးအပ်ကြောင်း သိရသည်။  

             
အယ်လ်စိုး(မူဆယ်)