မူဆယ်မြို့၌ သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

 

မူဆယ်    မတ်    ၂၅


ရှမ်းပြည်နယ်     မြောက်ပိုင်း မူဆယ်မြို့ နယ်စပ် ရေးရာဝန်ကြီး ဌာန၊   ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု  သက်မွေးလုပ်ငန်း     ပညာသင် ကျောင်း‌၌ သတင်းအမှား  အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် ဥပဒေ ရေးရာ မူးယစ်ဆေးဝါးဆိုင်ရာ အသိ ပညာပေး  ဟောပြောပွဲကို    ယနေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါသင်တန်း ကျောင်းခန်းမ၌   ကျင်းပသည်။

 


ရှေးဦးစွာ      မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ   ခရိုင်ဦးစီးမှူး  ဦးအယ်လ်စိုးထန်တူးက သတင်း အမှားအမှန်   ခွဲခြားသုံးသပ်နိုင် ရေးနှင့် Social Network အသုံး ပြုရာတွင်  ဆောင်ရန်ရှောင်ရန်  အချက်များကို    အသိပညာပေး   ဟောပြောခဲ့သည်။   ထို့နောက် မူဆယ်ခရိုင် ဒုတိယဥပဒေအရာရှိ  ဦးကောင်းသော်က ဥပဒေရေးရာ နှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိ ပညာများကို  ဟောပြောဆွေးနွေး သည်။ 

 


ယင်းနောက်  အခမ်းအနားသို့ အမျိုးသမီး အိမ်တွင်းမှု  သက်မွေး လုပ်ငန်းပညာ  သင်တန်းကျောင်း မှ    ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစောရင်နှင့်   ဆရာမများ၊  နည်းပြဝန်ထမ်းများနှင့်    သင်တန်း သူများ   စုစုပေါင်း ၆၅ ဦး  တက် ရောက်ကြောင်း သိရသည်။ 
         

ချယ်ရီမြေ(မူဆယ်)