မူဆယ်မြို့၌ ငွေကျပ် ၂၀၄ သိန်းကျော်တန်ဖိုးရှိ စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီး

 

မူဆယ်  ဇန်နဝါရီ  ၁၃


ကျန်းမာရေးနှင့် ကိုက်ညီခြင်းမရှိ သည့် ဖမ်းဆီးရမိ စားသုံးရန်မသင့် သော   စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ       မီးရှို့ ဖျက်ဆီးခြင်းကို    ရှမ်းပြည်နယ် မြောက်ပိုင်း          မူဆယ်မြို့ အကောက်ခွန်        ဦးစီးဌာနဝင်း အတွင်း၌ ယနေ့နံနက်  ၁၁  နာရီခွဲ က ပြုလုပ်ကြောင်း သိရသည်။

 


မူဆယ်မြို့နယ် အကောက်ခွန် ဦးစီးဌာန မြို့နယ်ရုံးနှင့် မူဆယ် (OSS)တို့မှ     ဖမ်းဆီးရရှိထား သော    တရုတ်စာတန်းပါ  ဖဲထုပ်၊   စီးကရက်၊            ပိုးသတ်ဆေး၊ အမဲသားခေါက်ဆွဲဘူး၊  တရုတ် ကွမ်းသီးပေါင်း၊      အရက်ဖြူ၊ မှိုခြောက်၊ သကြားလုံး၊ ခေါက်ဆွဲ ခြောက်၊ ရောနှောဆီ၊  အစပ်ပြား ထုပ်    စုစုပေါင်း   ကာလတန်ဖိုး ငွေကျပ် ၂၀၄၅၈၀၀၀ ရှိ စားသုံးရန် မသင့်သော စားသောက်ကုန်များ နှင့်   လူသုံးကုန်ပစ္စည်းများအား အကောက်ခွန်ဦးစီးဌာန ညွှန်ကြား ရေးမှူး  ဦးဖေကြိုင်၊      မူဆယ်ဦးစီး မှူး   ဦးဇော်လင်းနိုင်၊    မူဆယ်မြို့    စားသုံးသူရေးရာမှ     ဦးစီးမှူး    ဦးတင့်လွင်၊   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခွန် ဦးစီးဌာနတို့  ပူးပေါင်းကာ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။        

 
ချယ်ရီမြေ(မူဆယ်)