
မူဆယ် ဩဂုတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၌ ယနေ့ ညနေပိုင်းတွင် ပရဟိတ အသင်းအဖွဲ့များနှင့် အခြေခံလူတန်းစားများအား အလှူရှင်များက စားသောက်ကုန်များ ပေးအပ်လှူဒါန်းသည်။
ထိုသို့လှူဒါန်းရာတွင် မူဆယ်မြို့၌နေထိုင်သည့် ဦးဇော်နိုင်ဝင်း မိသားစုတို့က မူဆယ်မြို့ လူသားချင်းစာနာထောက်ထားမှုကွန်ရက် “ကမ်းလက်ကူညီပရဟိတအသင်း” ဥက္ကဋ္ဌ ဦးဝင်းဌေး၊ ဒုဥက္ကဋ္ဌ ဦးစိန်လှ အောင်တို့နှင့်ချိတ်ဆက်ကာ မူဆယ်မြို့ရှိ အခြေခံလူတန်းစားများ အပါအဝင် ကရုဏာစံအိမ်မိဘမဲ့ဂေဟာနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဆယ်လန့်ကျေးရွာအနီး အောင်တံခွန်ဘုန်းကြီးကျောင်းရှိ မိဘမဲ့ဂေဟာ နှင့် သီလရှင်ကျောင်းများ၊ မူဆယ်မြို့နယ် မိုင်းယု(၁၀၅)မိုင်ကျေးရွာ အတွင်းရှိ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သီလရှင်ကျောင်းများနှင့်အခြေခံလူတန်းစားများ၊ နမ့်ဟွယ်ကျေးရွာရှိ မေတ္တာ စံအိမ်ပရဟိတဂေဟာများကို အေးခဲသား ဂျပ်ဖာ ၃၅၀ ကျော်၊ တစ်ဖာ လျှင် ကာလပေါက်ဈေး ခြောက်သောင်းကျော် စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း ၂၅၀ တို့အား စေတနာသဒ္ဓါထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။
သန့်ဇင် (မြန်မာ့အလင်း)